ရင်းနှီးမြှုပ်နှံသူ၏ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ
အခန်း (၁၈)
ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ
| ၇၄။ | ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေး အတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်းကောင်း၊ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလျှင် စိစစ်ခွင့်ပြုပေးနိုင်သည်။ | |
ဇုန်အလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့်
| ၇၅။ | (က) | ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါသော ဒေသများအား ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများအား ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန် (၃) အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၇ နှစ်အထိ လည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၅ နှစ်အထိ လည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၃ နှစ်အထိ လည်းကောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုနိုင်သည်။ |
| (ခ) | အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲသတ်မှတ်နိုင်သည်။ | |
| (ဂ) | ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။ |
နိုင်ငံသားရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံသားပိုင်းလုပ်ငန်းများအား အထူးသာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခွင့်ပြုပေးနိုင်ခြင်း
| ၇၆။ | အခန်း (၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဌာန်းချက်များအပြင် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့များ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်နေသည့်နေရာ သို့မဟုတ် စီးပွားရေးလုပ်ငန်း အမျိုးအစားများနှင့် စပ်လျဥ်းသည့် ဆောင်ရွက်ချက်များတွင် အထူးနှင့် သာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင်သည်။ |
အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်
| ၇၇။ | ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို စိစစ်ခွင့်ပြုနိုင်သည်။ | |
| စက်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် ကင်းလွတ်ခွင့် | ||
| (က) | ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊ | |
| ကုန်ကြမ်းပစ္စည်းများအတွက် ကင်းလွတ်ခွင့် | ||
| (ခ) | ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်၊ | |
| ပြန်လည်တင်ပို့သော ကုန်ပစ္စည်းများအတွက် ကောက်ခဲ့သည့် အခွန် ပြန်ထုတ်ပေးခြင်း | ||
| (ဂ) | ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများ၊ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့်ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊ | |
| ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ခြင်းနှင့် ကင်းလွတ်ခွင့် | ||
| (ဃ) | ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။ | |
ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလျှင် စိစစ်ခွင့်ပြုပေးနိုင်ခြင်း
| ၇၈။ | ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည်။ | |
| (က) | ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်ဖြစ်စေ၊ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊ | |
| (ခ) | ဝင်ငွေခွန်စည်းကြပ်ရန်အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံး အခြားမတည်ပစ္စည်းများအပေါ်တွင် သတ်မှတ်အချိန်ကာလထက် လျော့နည်းသော ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းထားဖြင့် စီးပွားဖြစ်စတင်သောနှစ်မှ တွက်ချက်ခံစားခွင့်၊ | |
| (ဂ) | နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်လိုအပ်၍ နိုင်ငံတော်အတွင်း ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကျန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နှုတ်ပယ်ခွင့်။ | |
နိုင်ငံသားများနည်းတူ ရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန်ပေးဆောင်ရခြင်း
| ၇၉။ | နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ပေးဆောင်ရမည်။ |
သက်ဆိုင်ရာအခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း
| ၈၀။ | ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တွင် ပြဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။ |
အထူးစီးပွားရေးဇုန်နှင့် မသက်ဆိုင်ခြင်း
| ၈၁။ | ပုဒ်မ ၇၅၊ ၇၇၊ ၇၈၊ ၈၀ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရင်းနှီးမြှုပ်နှံသူ၏ အာမခံထားရန်တာဝန်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အခန်း (၁၇)
၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထားရှိရမည်။
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC)
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဌ) | စုပေါင်းသဘောတူညီချက် ဆိုသည်မှာ စုပေါင်းတောင်းဆို ဆွေးနွေးညှိနှိုင်းမှုအရ အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှုအခြေအနေများ သတ်မှတ်ခြင်း၊ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ၏ တရားဝင်ရပ်တည်မှုကို အသိအမှတ်ပြု ဆောင်ရွက်ခြင်းနှင့် အလုပ်သမားများအတွက် လူမှုကာကွယ်စောင့်ရှောက်မှု အာမခံချက်များကို မြှင့်တင်ခြင်းတို့ အပါအဝင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဥ်း၍ စာဖြင့်ချုပ်ဆိုသည့် နှစ်ဖက်သဘောတူညီချက်ကို ဆိုသည်။ |
| (တ) | ညှိနှိုင်းရေးကောမတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို ဆိုသည်။ | |
| (ထ) | ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဆိုသည်။ |
ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်အရေအတွက်
| ၃။ | အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည် - | ||
| (က) | အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။ | ||
| (၁) | အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ | ||
| (၂) | အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင် ကိုယ်စားလှယ်များ | ||
| (ခ) | အလုပ်သမားအဖွဲ့အစည်းမရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။ | ||
| (၁) | အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး | ||
| (၂) | အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး | ||
| ၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း နည်းဥပဒေများကို ပြင်ဆင်ခြင်းမရှိသေးပါ။ ထို့ကြောင့် အချက်အလက်များ update မဖြစ်ပါ။ ဥပမာ ကိုယ်စားလှယ်ဦးရေမှာ ဥပဒေတွင် သုံးဦးစီဟု ပြင်ဆင်ပြီး ဖြစ်သော်လည်း ဤနည်းဥပဒေများတွင် နှစ်ဦးစီ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ | ||
| ၄။ | ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်သမားကိုယ်စားလှယ် ဦးရေသည် - | |
| (က) | အလုပ်သမားအားလုံး အလုပ်သမားအဖွဲ့အစည်းဝင် ဖြစ်သည့်လုပ်ငန်း သို့မဟုတ် အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းနှင့် ယင်းရာခိုင်နှုန်းအောက်နည်းသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းမှ ကိုယ်စားလှယ် နှစ်ဦးစီဖြစ်ရမည်။ | |
| (ခ) | အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် ယင်းအရေအတွက်အတိုင်း အလုပ်သမားအဖွဲ့အစည်းဝင် မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်းဖြစ်ရမည်။ | |
| (ဂ) | အလုပ်သမားအဖွဲ့အစည်းမရှိသော လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် နှစ်ဦး ဖြစ်ရမည်။ | |
| ၅။ | ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်ရှင်ကိုယ်စားလှယ် ဦးရေသည် - | |
| (က) | အလုပ်သမားအဖွဲ့အစည်း ရှိသည့်လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရှိသော အလုပ်သမားကိုယ်စားလှယ် ဦးရေအတိုင်း ဖြစ်ရမည်။ | |
| (ခ) | အလုပ်သမားအဖွဲ့အစည်း မရှိသည့်လုပ်ငန်းဖြစ်ပါက နှစ်ဦးဖြစ်ရမည်။ | |
ညှိနှိုင်းရေးကော်မတီဝင်၏ အရည်အချင်း
| ၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။ | ||
| ၃။ | ညှိနှိုင်းရေးကော်မတီဝင်သည် - | |
| (က) | အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ | |
| (ခ) | အလုပ်သမားကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် အမြဲတမ်းအလုပ်သမားဖြစ်ပြီး အနည်းဆုံး လုပ်သက်ခြောက်လရှိသူ ဖြစ်ရမည်။ | |
| (ဂ) | အလုပ်ရှင်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် စီမံခန့်ခွဲရေး တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ရမည်။ | |
ကိုယ်စားလှယ်နေရာ လစ်လပ်ပါက လိုအပ်သလို အစားထိုးရခြင်း
| ၄။ | (က) | ပုဒ်မ ၃ အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ၊ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်။ |
ညှိနှိုင်းရေးကော်မတီ၏ သက်တမ်း
| ၄။ | (ခ) | ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။ |
ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကိုယ်စားလှယ်အမည်စာရင်းကို သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ အကြောင်းကြားရခြင်း
| ၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။ | |
| ၆။ | အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုတွင် စုပေါင်းသဘောတူညီချက်ကို ညှိနှိုင်းနိုင်ရန် အလုပ်ရှင်သည် ညှိနှီုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပုံစံ (၁) ဖြင့် ညှိနှိုင်းရေးကော်မတီဝင်များ၏ အမည်စာရင်းကို ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ရမည်။ ညှိနှိုင်းရေးကော်မတီဝင် အမည်စာရင်းပြောင်းလဲမှုရှိသည့်အခါ အထက်ပါအတိုင်း ပြင်ဆင်ပေးပို့ရမည်။ |
ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ရန်ကိစ္စများ
| ၅။ | ညှိနှုိင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း အကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။ |
တိုင်ကြားချက်ကို ၇ ရက်အတွင်း ဖြေရှင်းပေးရခြင်းနှင့် အစီရင်ခံစားပေးပို့ရခြင်း
| ၆။ | (က) | အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။ |
| (ခ) | ညှိနှုိင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။ |
အလုပ်သမား ၃၀ ဦးမပြည့်သည့် လုပ်ငန်းတွင် နစ်နာချက်ဖြေရှင်းခြင်း
| ၇။ | အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။ |
တိုင်ကြားချက်ကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရာတွင် ပြေငြိမ်းမှုရလျှင် ဆောင်ရွက်ရန်နှင့် ပြေငြိမ်းမှုမရလျှင် ဆောင်ရွက်ရန်
| ၉။ | ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့အရ ဆွေးနွေးညှိနှိုင်းရာတွင် - | |
| (က) | ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။ | |
| (ခ) | ပြေငြိမ်းမှုမရရှိပါက အငြင်းပွားမှုနှင့် စပ်လျဥ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။ | |
စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိလျှင် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်ခြင်း
| ၉။ | (ဂ) | စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိပါက နစ်နာသူသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။ |
စုပေါင်းသဘောတူညီချက် သက်တမ်း တစ်နှစ်ဖြစ်ခြင်း
| ၉။ | (ဃ) | စုပေါင်းသဘောတူညီချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ရမည်။ အဆိုပါ သက်တမ်းကာလအတွင်း သဘောတူညီထားသည့်အချက်နှင့် စပ်လျဥ်း၍ ထပ်မံတောင်းဆိုခြင်းမပြုရ။ |
အလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် မပြုလုပ်ရခြင်း
| ၈။ | လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။ |
မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန် မပျက်ကွက်ရခြင်းနှင့် ပြစ်ဒဏ်များ
| ၃၈-က။ | မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ပုဒ်မ ၃ ပါ ပြဌာန်းချက်နှင့်အညီ ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် ပျက်ကွက်ခြင်း မရှိစေရ။ ထိုသို့ ဖွဲ့စည်းရန် ပျက်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ တရားရုံးမှ ပြစ်မှုထင်ရှားစီရင်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းရန် ထပ်မံပျက်ကွက်ခြင်းမရှိစေရ။ |
| ၄၆။ | (ခ) | မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမဆို ပုဒ်မ ၃၈-က ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ |
| ၄၆-က။ | (ခ) | ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ခ) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယင်းပြစ်မှုကို ထပ်မံကျူးလွန်သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ချမှတ်ရမည်။ |
ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိနေစဥ် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရခြင်းနှင့် ပြစ်ဒဏ်
| ၄၁။ | မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိစဥ်ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရ။ |
| ၄၇။ | မည်သူမဆို ပုဒ်မ ၄၀၊ ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မီးဖွားခွင့်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဈ) | မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။ |
မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်
| ၇-က။ | ကိုယ်ဝန်ဆောင် အမျိုးသမီးများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။ |
လူမှုဖူလုံရေးအာမခံစနစ်အရ ရက်သတ္တပတ်ခြောက်ပတ်၊ ရက်သတ္တပတ်ရှစ်ပတ်နှင့် အမြွာကလေးမွေးခြင်းအတွက် ရက်သတ္တပတ်လေးပတ်
| ၂၅။ | (ဂ) | မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ်ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွာကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့် |
မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ်နှင့် လုပ်သက်လိုအပ်ချက်
| ၇။ | (ဂ) | (၄) | မီးဖွားခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ခံစားခွင့်ရှိသည်။ |
လူမှုဖူလုံရေးအာမခံစနစ်အရ လုပ်သက်နှင့် ထည့်ဝင်ကြေး လိုအပ်ချက်
| ၂၆။ | အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံးတစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။ |
ဆေးလက်မှတ်ထောက်ခံချက်ဖြင့် တင်ပြတောင်းခံရခြင်း
| ၄၆။ | မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ တင်ပြတောင်းခံရမည်။ |
လူမှုဖူလုံရေး ဥပဒေနှင့်အညီ ခံစားခွင့်
| ၄၇။ | လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။ |
ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှု
| ၄၈။ | ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေး မှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံးရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရမည်။ |
| ၂၅။ | (ဃ) | ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် အများဆုံး ရက်သတ္တပတ်ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်၊ |
လူမှုဖူလုံရေးအာမခံစနစ်အရ မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်
| ၂၅။ | (က) | ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံး၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှု ခံယူခွင့်၊ |
| (ခ) | မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှု ခံယူခွင့်၊ |
ဆေးခန်းပြရန် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်
| ၂၅။ | (င) | ကိုယ်ဝန်ဆောင်စဥ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်၊ |
တစ်နှစ်အောက်ကလေးမွေးစားခြင်း
| ၂၅။ | (စ) | တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ်ရှစ်ပတ်ထက် မကျော်သောခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါ ငွေးကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်။ |
လူမှုဖူလုံရေး အာမခံစနစ်အရ ငွေကြေးအကျိုးခံစားခွင့်များ
| ၂၇။ | (က) | ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ခံစားခွင့်ရှိသော မိးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း၊ |
| (ခ) | ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွာကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွာကလေး သုံးဦးနှင့်အထက် မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊ | |
| (ဂ) | ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။ |
ဇနီးသည် မီးဖွားမှုအတွက် အာမခံအမျိုးသား၏ ဖခင်ဘဝ အကျိုးခံစားခွင့်
| ၂၈။ | (က) | အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်၊ |
| (ခ) | အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်၊ | |
| (ဂ) | အာမခံထားသူမဟုတ်သော ဇနိးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆေးလက်မှတ်ခွင့်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဇ) | ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။ |
တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ် ရနိုင်ခွင့်ရှိခြင်းနှင့် အနည်းဆုံးလုပ်သက် ခြောက်လမပြည့်လျှင် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိခြင်း
| ၆။ | (၁) | အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ်ထက် မပိုသော ကာလအပိုင်းအခြားအတွက် ဆက်လက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။ ခြွင်းချက် - သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိစေရမည်။ ရှောင်တခင်ခွင့်အဓိပ္ပါယ်ဖွင့်ဆိုချက်
တစ်နှစ်လျှင် စုစုပေါင်း ခြောက်ရက် ရနိုင်ခွင့်ရှိခြင်းနှင့် တစ်ကြိမ်လျှင် အများဆုံးသုံးရက် ခံစားခွင့်ရှိခြင်း
|