မီးဖွားခွင့်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဈ) | မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။ |
မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်
| ၇-က။ | ကိုယ်ဝန်ဆောင် အမျိုးသမီးများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။ |
လူမှုဖူလုံရေးအာမခံစနစ်အရ ရက်သတ္တပတ်ခြောက်ပတ်၊ ရက်သတ္တပတ်ရှစ်ပတ်နှင့် အမြွာကလေးမွေးခြင်းအတွက် ရက်သတ္တပတ်လေးပတ်
| ၂၅။ | (ဂ) | မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီးနောက် အနည်းဆုံး ရက်သတ္တပတ်ရှစ်ပတ်၊ စုစုပေါင်း အနည်းဆုံး ရက်သတ္တပတ် ၁၄ ပတ်အထိ မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။ ထို့ပြင် အမြွာကလေးမွေးပါက မီးဖွားခွင့် ခံစားပြီးနောက် ကလေးစောင့်ရှောက်ရန် ရက်သတ္တပတ် လေးပတ်ကို ဆက်လက်ခံစားခွင့် |
မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ်နှင့် လုပ်သက်လိုအပ်ချက်
| ၇။ | (ဂ) | (၄) | မီးဖွားခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် မီးမဖွားမီ (၆) ပတ်၊ မီးဖွားပြီး (၈) ပတ် ခံစားခွင့်ရှိသည်။ |
လူမှုဖူလုံရေးအာမခံစနစ်အရ လုပ်သက်နှင့် ထည့်ဝင်ကြေး လိုအပ်ချက်
| ၂၆။ | အာမခံထားသူ အမျိုးသမီးနှင့် အမျိုးသားတို့သည် ပုဒ်မ ၂၇ နှင့် ၂၈ တို့အရ မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို ခွင့်စတင်ခံစားသည့်နေ့မတိုင်မီ သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် အနည်းဆုံးတစ်နှစ်လုပ်ကိုင်ခဲ့သူ ဖြစ်ရမည့်အပြင် အဆိုပါ တစ်နှစ်အတွင်း အနည်းဆုံးခြောက်လအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသူဖြစ်မှသာ ခံစားခွင့်ရှိစေရမည်။ |
ဆေးလက်မှတ်ထောက်ခံချက်ဖြင့် တင်ပြတောင်းခံရခြင်း
| ၄၆။ | မီးဖွားခွင့်ရက်ကို မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ လူမှုဖူလုံရေးအဖွဲ့က အသိအမှတ်ပြုသည့်ဆရာဝန်၏ ဆေးလက်မှတ်ထောက်ခံချက်ဖြင့်ဖြစ်စေ၊ တင်ပြတောင်းခံရမည်။ |
လူမှုဖူလုံရေး ဥပဒေနှင့်အညီ ခံစားခွင့်
| ၄၇။ | လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများသည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။ |
ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှု
| ၄၈။ | ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်သော ကိုယ်ဝန်ပျက်ကျမှုတွင် လူမှုဖူလုံရေး မှတ်ပုံတင်အာမခံ အလုပ်သမားမဟုတ်ပါက အလုပ်ရှင်သည် မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက်ဖြင့် မီးဖွားခွင့်ရက်အဖြစ် ကိုယ်ဝန်ပျက်သည့်နေ့မှစ၍ အများဆုံးရက်သတ္တပတ်ခြောက်ပတ် ခံစားခွင့်ပြုရမည်။ |
| ၂၅။ | (ဃ) | ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ပျက်သည့်ကိစ္စတွင် အများဆုံး ရက်သတ္တပတ်ခြောက်ပတ်အထိ မီးဖွားခွင့်အဖြစ် ခံစားခွင့်၊ |
လူမှုဖူလုံရေးအာမခံစနစ်အရ မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်
| ၂၅။ | (က) | ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားသည့်အခါ ခွင့်ပြုထားသည့် ဆေးရုံး၊ ဆေးခန်း၌ အခမဲ့ ဆေးကုသမှု ခံယူခွင့်၊ |
| (ခ) | မီးဖွားပြီး တစ်နှစ်အထိ မိမိ၏ကလေးကို ဆေးကုသမှု ခံယူခွင့်၊ |
ဆေးခန်းပြရန် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်
| ၂၅။ | (င) | ကိုယ်ဝန်ဆောင်စဥ် ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ စမ်းသပ်စစ်ဆေး ပြသနိုင်ရန်အတွက် တစ်ကြိမ်လျှင် တစ်ရက်နှုန်းဖြင့် အများဆုံး ခုနှစ်ကြိမ်အထိ လုပ်ခအပြည့်ခံစားခွင့်၊ |
တစ်နှစ်အောက်ကလေးမွေးစားခြင်း
| ၂၅။ | (စ) | တစ်နှစ်အောက်ကလေးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်၍ မွေးစားပါက ထိုကလေး တစ်နှစ်ပြည့်သည်အထိ ပြုစုစောင့်ရှောက်ရေးအတွက် ရက်သတ္တပတ်ရှစ်ပတ်ထက် မကျော်သောခွင့်ကို မွေးစားကလေးတစ်ဦးအတွက်သာ ခံစားခွင့်ရှိသည်။ အဆိုပါ ခံစားခွင့်ကာလအတွင်း ပုဒ်မ ၂၆ ပါ ပြဌာန်းချက်ကို အထောက်အထားပြုလျက် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) ပါ ငွေးကြေးအကျိုးခံစားခွင့်ကို ခံစားခွင့်။ |
လူမှုဖူလုံရေး အာမခံစနစ်အရ ငွေကြေးအကျိုးခံစားခွင့်များ
| ၂၇။ | (က) | ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ) အရ ခံစားခွင့်ရှိသော မိးဖွားခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း၊ |
| (ခ) | ကလေးတစ်ဦးမွေးဖွားပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမြွာကလေးနှစ်ဦးမွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၇၅ ရာခိုင်နှုန်း၊ အမြွာကလေး သုံးဦးနှင့်အထက် မွေးပါက မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခတစ်လစာ၏ ၁၀၀ ရာခိုင်နှုန်း၊ | |
| (ဂ) | ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ) ပါ ကိုယ်ဝန်ပျက်မှုကြောင့် ခံစားခွင့်ရှိသော မီးဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်း။ |
ဇနီးသည် မီးဖွားမှုအတွက် အာမခံအမျိုးသား၏ ဖခင်ဘဝ အကျိုးခံစားခွင့်
| ၂၈။ | (က) | အာမခံထားသူဖြစ်သော ဇနီး မီးဖွားသည့်အခါ မွေးကင်းစကလေးအား ပြုစုခွင့် ၁၅ ရက် ခံစားခွင့်၊ |
| (ခ) | အာမခံထားသူဖြစ်သော ဇနီးမီးဖွားသည့်အခါ ပုဒ်မခွဲ (က) ပါ ခွင့်ကာလအတွက် မီးဖွားမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်အဖြစ် လွန်ခဲ့သော တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်၊ | |
| (ဂ) | အာမခံထားသူမဟုတ်သော ဇနိးဖြစ်သူ မီးဖွားသည့်အခါ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ အကျိုးခံစားခွင့်များအပြင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) ပါ မီးဖွားစရိတ် ခံစားခွင့်၏ ထက်ဝက်ခံစားခွင့်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆေးလက်မှတ်ခွင့်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဇ) | ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။ |
တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ် ရနိုင်ခွင့်ရှိခြင်းနှင့် အနည်းဆုံးလုပ်သက် ခြောက်လမပြည့်လျှင် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိခြင်း
| ၆။ | (၁) | အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ်ထက် မပိုသော ကာလအပိုင်းအခြားအတွက် ဆက်လက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။ ခြွင်းချက် - သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိစေရမည်။ |
| ၄၃။ | လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လ မပြည့်သေးသည့် အလုပ်သမားသည် လစာမရှိဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။ |
| ၇။ | (ဂ) | (၃) | ဆေးခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင် ဆေးခွင့်ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံး လုပ်သက် (၆) လပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါ ခံစားခွင့်အတိုင်း ခံစားခွင့်ရှိသည်။ |
| ၂၃။ | (က) | မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှု စတင်ဖြစ်သည့်နေ့ မတိုင်မီ အနည်းဆုံးခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ ခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါခြောက်လအတွင်း အနည်းဆုံးလေးလအတွက် ထည့်ဝင်ကြေးငွေ ပေးသွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။ |
သွေးလှူခြင်းအတွက် ဆေးလက်မှတ်ခွင့်ရက် ၂ ရက်ပေးရခြင်း
| ၄၂။ | မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်း ခိုင်လုံသည့်အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ |
မည်သည့်ဆရာဝန်ထံမှ ဆေးလက်မှတ်ဖြင့် ဆေးလက်မှတ်ခွင့် ပေးရခြင်း
| ၆။ | (၂) | အလုပ်ဆိုင်ရာ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သို့တည်းမဟုတ် အလုပ်ဌာနဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အလုပ်ဌာနက သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဌာနက သို့တည်းမဟုတ် အလုပ်ဌာနက သဘောတူသည့် ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ အစိုးရအမှုထမ်းများဖြစ်လျှင် အစိုးရဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ မီးရထားအလုပ်သမားဖြစ်လျှင် မီးရထားဘက်ဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင် ဆရာဝန်ထံမှသော်လည်းကောင်း၊ ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကို ပေးရမည်။ |
ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေ တွက်ချက်ခြင်း
| ၄၅။ | ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရရှိသော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။ |
လူမှုဖူလုံရေး အာမခံစနစ်အရ ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်း
| ၂၃။ | (ခ) | မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အလုပ်မလုပ်နိုင်သည့်ကာလအတွက် ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။ |
ဆေးလက်မှတ်ခွင့်ရက်ကာလအတွင်း အခကြေးငွေ သို့မဟုတ် လစာငွေကို ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် ပေးရခြင်း
| ၆။ | (၄) | ဆေးလက်မှတ်ခွင့်ရက်ရသော အလုပ်သမားသည် ခွင့်ရက်နှင့်နေ့သည့် ကာလအပိုင်းအခြားအတွင်းတွင် သက်ဆိုင်ရာရာ မိမိရထိုက်ခွင့်ရှိသော အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်း ပေးရမည်။ အဆိုပါအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအားလည်းကောင်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်လည်းကောင်း ထုတ်ပေးရမည်။ |
ရက်ရှည်အလုပ်ပိတ်ရက်ကာလအတွင်း နာမကျန်းဖြစ်ခြင်းအတွက် ဆေးလက်မှတ်ခွင့်မရခြင်း
| ၄၄။ | ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။ |
သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ပျက်ပြယ်ခြင်း
| ၆။ | (၅) | အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်ကို ပျက်ပြယ်စေရမည်။ |
ဆေးလက်မှတ်ခွင့်ရက်နှင့် အခြားခွင့်ရက်ပေါင်းခြင်း
| ၇။ | ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်းခွင့်ပြုနိုင်သည်။ |
| ၇-က။ | ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။ |
လူမှုဖူလုံရေး အာမခံစနစ်အရ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့်
| ၂၁။ | (က) | (၁) | ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့် |
ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်၊ ဆေးရုံဆေးခန်းနှင့် ကုန်ကျစရိတ်
| ၂၂။ | (က) | ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင်ကုသသည့်နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ သို့ရာတွင် ထပ်တလဲလဲမကျန်းမာမှု၊ နာတာရှည်ရောဂါနှင့် ရောဂါတစ်မျိုးထက်ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှုအတွက် ရက်သတ္တပတ် ၅၂ ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြားသတ်မှတ်ပေးသည့် ကာလအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ |
| (ခ) | လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည်။ | |
| (ဃ) | ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရှောင်တခင်ခွင့်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (ဆ) | ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ |
တစ်နှစ်လျှင် စုစုပေါင်း ခြောက်ရက် ရနိုင်ခွင့်ရှိခြင်းနှင့် တစ်ကြိမ်လျှင် အများဆုံးသုံးရက် ခံစားခွင့်ရှိခြင်း
| ၅။ | (၁) | အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ ရှောင်တခင်ခွင့်ရက်ကို တစ်နှစ်လျှင် စုစုပေါင်းခြောက်ရက် ရနိုင်ခွင့်ရှိစေရမည်။ ခြွင်းချက် - သို့ရာတွင် ကုန်းလမ်းခရီးဖြင့်ဖြစ်စေ၊ ရေလမ်းခရီးဖြင့်ဖြစ်စေ၊ ခရီးဝေးသွားရန် အကြောင်းရှိလျှင်မှတပါး သို့တည်းမဟုတ် မိမိကိုးကွယ်သည့် ဘာသာဓလေ့ ထုံးတမ်းအစဥ်အလာအရ အကြောင်းထူးများရှိလျှင်မှတပါး တစ်ကြိမ်လျှင် အများဆုံး သုံးရက်ထက်ပို၍ ရနိုင်ခွင့်မရှိစေရ။ |
| ၂၉။ | ရှောင်တခင်ခွင့်ရက်ကို တစ်ကြိမ်လျှင် အများဆုံးသုံးရက်အထိ ခံစားနိုင်ပြီး သုံးရက်ထက်ကျော်လွန်ခံစားရန် အကြောင်းထူးရှိပါက အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူထံသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြပါက သုံးရက်ထက် ကျော်လွန်သည့် ရှောင်တခင်ခွင့်ရက်ကို ခွင့်ပြုနိုင်သည်။ |
| ၇။ | (ဂ) | (၁) | ရှောင်တခင်ခွင့် - အလုပ်စတင်ဝင်ရောက်သည့်နေ့ရက်မှ ၁၂ လအတွင်း ရှောင်တခင်ခွင့် ၆ ရက်ကို လုပ်ခလစာအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သက်ဆိုင်ရာနှစ်အတွင်း ခွင့်မယူလျှင် ထိုခွင့်ပျက်ပြယ်သည်။ တစ်ကြိမ်လျှင် ၃ ရက်ထက်ပို၍ ခွင့်ခံစားခွင့်မရှိပါ။ အခြားမည်သည့်ခွင့်နှင့်မျှ ပေါင်းစပ်ခံစားခွင့်မရှိပါ။ |
အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့် ခံစားခွင့်ရှိခြင်း
| ၂၄။ | အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။ |
မည်သည့်ခွင့်နှင်မျှ မပေါင်းစပ်ရခြင်း
| ၅။ | (၂) | ရှောင်တခင်ခွင့်ရက်ကို အခြားမည်သည့် ခွင့်ရက်တစ်မျိုးမျိုးနှင့်မျှ မပေါင်းစပ်ရ။ |
အခြားခွင့်ရက်နှင့် တစ်ဆက်တည်းတောင်းခံခဲ့လျှင် တောင်းခံသော အခြားခွင့်ရက်ဖြစ်ခြင်း
| ၃၁။ | ရှောင်တခင်ခွင့်ရက်နှင့် တစ်ဆက်တည်း အခြားခွင့်ရက်တစ်မျိုးမျိုးကို တောင်းခံခဲ့သော် ရှောင်တခင်ခွင့်ရက်ပျက်ပြယ်ပြီး ရှောင်တခင်ခွင့်နှင်ဆက်၍ တောင်းခံသော အခြားခွင့်ရက်တစ်မျိုးမျိုးကို ရှောင်တခင်ခွင့်ရက် စသည့်နေ့ရက်မှစ၍ သတ်မှတ်ခွင့်ပြုရမည်။ |
သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ပျက်ပြယ်ခြင်း
| ၅။ | (၃) | အလုပ်သမားသည် မိမိရထိုက်သော ရှောင်တခင်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်သည် ပျက်ပြယ်စေရမည်။ |
လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့်တစ်ရက်နှုန်း
| ၂၈။ | အလုပ်သမားသည် အလုပ်စတင်ဝင်ရောက်သည့်အချိန်မှ လုပ်သက်နှစ်လပြည့်သည့်အခါတိုင်း ရှောင်တခင်ခွင့်တစ်ရက်နှုန်းကို သက်ဆိုင်ရာနှစ်အတွင်း သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေအပြည့်ဖြင့် ခံစားခွင့်ရှိသည်။ သို့ရာတွင် လုပ်သက်နှစ်လမပြည့်သော်လည်း ခိုင်လုံသောအကြောင်းပြချက်ရှိပါက ရှောင်တခင်ခွင့်ရက်ကို အလုပ်ရှင်က ခံစားခွင့်ပြုရမည်။ |
ရှောင်တခင်ခွင့်ရက်အတွက် အခကြေးငွေတွက်ချက်ခြင်း
| ၃၂။ | ရှောင်တခင်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရှောင်တခင်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သော အလုပ်ဆင်းရက်ပေါင်းဖြင့်စား၍ ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။ |
မှတ်တမ်းထားရှိပြီး ဦးစီးဌာနသို့ လစဥ်ပေးပို့ရခြင်း
| ၃၃။ | အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူသည် ရှောင်တခင်ခွင့်ရက် မှတ်တမ်းများကို သိမ်းဆည်းထားရှိပြီး သတ်မှတ်ပုံစံဖြင့် ဦးစီးဌာနသို့ လစဥ်ပေးပို့ရမည်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လုပ်သက်ခွင့်
အဓိပ္ပါယ်ဖော်ပြချက်
| ၂။ | (၃) | လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုလိုသည်။ |
တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမားအား နောက်လာမည့် ဆယ့်နှစ်လအတွင်း တစ်ဆက်တည်း ဆယ်ရက် ခွင့်ပြုရခြင်း
| ၄။ | (၁) | အလုပ်ရှင်သည် မိမိ၏အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမား အသီးသီးအား နောက်လာမည့် ဆယ့်နှစ်လအတွင်းတွင် သက်ဆိုင်ရာ ပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို ဆယ်ရက် တစ်ဆက်တည်းခွင့်ပြုရမည်။ |
ရက်နှစ်ဆယ်ပြည့်အောင် မလုပ်ခဲ့သောလတိုင်းအတွက် တစ်ရက်ကျစီ အဖြတ်ခံရခြင်း
| ၄။ | (၂) | အလုပ်သမားသည် တစ်လလျှင် အနည်းဆုံး ရက်နှစ်ဆယ် အလုပ်လုပ်ခဲ့သူလည်းဖြစ်၍ အလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ပြီးသည်လည်းဖြစ်လျှင် လုပ်သက်ခွင့်ရက်ကို ခွင့်ပြုရမည်။ သို့ရာတွင် အလုပ်သမားသည် ရက်နှစ်ဆယ်ပြည့်အောင်မလုပ်ခဲ့သော လတိုင်းအတွက် မိမိလုပ်သက်ခွင့်ရက်မှ တစ်ရက်ကျစီ အဖြတ်ခံရမည်။ ရှင်းလင်းချက် - အလုပ်သမားသည် ဆယ့်နှစ်လအတွင်း မကျန်းမာသောကြောင့်ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ ဤအက်ဥပဒေအရခွင့်ပြုသော အခြားပျက်ကွက်မှုကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှုသုံးမျိုးပေါင်းသည် ရက်ကိုးဆယ်ထက် မကျော်လွန်စေဘဲ) အလုပ်ပျက်ကွက်စေကာမူ သို့တည်းမဟုတ် အလုပ်ရှင်က အလုပ်ပိတ်ထားခြင်းကြောင့်ဖြစ်စေ၊ ဥပဒေနှင့် မညီသည်လည်းမဟုတ်သော သပိတ်မှောက်ခြင်းကြောင့်ဖြစ်စေ၊ မိမိအလိုအတိုင်းမဟုတ်ဘဲ ရံဖန်ရံခါ အလုပ်မရှိခြင်းကြောင့်ဖြစ်စေ (ထိုပျက်ကွက်မှု သုံးမျိုးစုစုပေါင်းသည် ရက်သုံးဆယ်ထက် မကျော်လွန်စေဘဲ) ပျက်ကွက်စေကာမူ ထိုအလုပ်သမားသည် မိမိအလုပ်ကို တစ်ဆက်တည်း ဆယ့်နှစ်လပြည့်အောင် လုပ်ခဲ့သူဟု မှတ်ယူရမည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် နောက်ဆက်တွဲစည်းကမ်းများစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ လိုက်နာရမည့် စည်းကမ်းများနောက်ဆက်တွဲ (က)အလုပ်သမားတစ်ဦးသည် အောက်ပါ သာမန်စည်းကမ်းချက်များမှ တစ်ခုခုကို လိုက်နာရန် လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၊ ကျူးလွန်ခြင်း ထင်ရှားပါက ပထမအကြိမ် စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့် သတိပေးခြင်း၊ တတိယအကြိမ် ဝန်ခံကတိလက်မှတ်ထိုးစေလျှက် ပြင်းထန်စွာ သတိပေးပြီးနောက် ထပ်မံကျူးလွန်ပါက နစ်နာကြေးမပေးဘဲ အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးခြင်းခံရမည်ဖြစ်သည်။
နောက်ဆက်တွဲ (ခ)အလုပ်သမားတစ်ဦးသည် အောက်ဖော်ပြပါ ကြီးလေးသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ကြောင်းထင်ရှားလျှင် အလုပ်မှရပ်စဲသည်အထိ အပြစ်ပေးခံရမည့်အပြင် မည်သည့် နစ်နာကြေး၊ အကျိုးခံစားခွင့်မျှ ရမည်မဟုတ်ပါ။ အလုပ်ရပ်စဲခံရသော အလုပ်သမားများအတွက် နစ်နာကြေးနှုန်းထားများအမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၅)နေပြည်တော် ၁၂၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၂ ရက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ခ) နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် အလုပ်မှရပ်စဲခံရသော အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်လိုက်သည်။ နစ်နာကြေးနှုန်းထားများအလုပ်ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ တစ်ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ (အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာကြေးနှုန်းထားများအတိုင်း ပေးရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဤစာမျက်နှာတွင် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များကို ပေါင်းစည်းဖော်ပြထားသည်။ သို့သော် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အမျိုးအစား တစ်မျိုးချင်းစီအတွက် သီးခြားစာမျက်နှာတစ်ခုစီ ခွဲထုတ်ဖော်ပြထားသည်။ ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အဓိပ္ပါယ်ဖော်ပြချက်များ
ခွင့်ရက်ကို ပေါင်း၍ဖြစ်စေ၊ ဆက်၍ဖြစ်စေ ပေးခြင်း
တဆက်တည်း ဆယ့်နှစ်လမလုပ်ရသည့် အလုပ်နှင့်စပ်လျဥ်းသည့် ခွင့်ရက်
ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် စပ်လျဥ်းသည့် သဘောတူစာချုပ် ပျက်ပြယ်ခြင်း
ကင်းလွတ်ချက်များ
ပြစ်မှုများကိုအရေးယူခြင်း
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများအမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈ အခကြေးငွေပေးချေရေးနည်းဥပဒေများအမိန့်ကြော်ငြာစာအမှတ် ၁၉၃/၂၀၁၈ အခန်း (၁)အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်
အခန်း (၂)အခကြေးငွေပေးချေရန်ကာလ ရွှေ့ဆိုင်းခြင်း
အခန်း (၃)အခကြေးငွေမှ နှုတ်ယူဖြတ်တောက်ခြင်း
အခန်း (၅)အချိန်ပိုအခကြေးငွေ
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Checked-through Baggage2025-07-14 Monday လက်မှတ်ထုတ်၊ အထုတ်အပ်တော့ အထုတ်က ရန်ကုန်ထိ မရောက်။ transit မှာ အထုတ်ပြန်ထုတ်၊ လက်မှတ်အသစ်ထပ်ထုတ်ပြီး အထုတ်ပြန်အပ်ရမယ်။ Airline အတူတူ၊ single ticket ဖြစ်နေတာတောင် ဘာကြောင့်လဲ? ![]() နောက်နေ့ကူးသွားလို့။ တခြားတွေတော့ ဘယ်လိုလဲမသိ။ ၁၀ နှစ်နေလို့မှ တစ်ခါ ပြည်ပခရီးသွားလေ့မရှိတဲ့သူအတွက်တော့ ခေါင်းရှုပ်စရာ။ သင်ခန်းစာ - လက်မှတ်မှာ transit နေရာ နေ့ကူးနေရင် သေချာမေးစမ်းပြီးမှလုပ်။ လုပ်ဆောင်ချက်မှတ်တမ်း - arrival လမ်းကြောင်းအတိုင်းလိုက်၊ baggage belt (baggage carousal) ကိုရှာ၊ အထုတ်ကောက်၊ arrival ကထွက်ပြီး departure ကနေပြန်ဝင်။ အစအဆုံးပြန်လုပ်။ လက်မှတ်ထုတ်၊ အထုတ်အပ်၊ check-in ဝင်၊ boarding gate ရှာ။ မှတ်ချက် - လမ်းညွှန်အမှတ်အသားတွေ၊ LED Board တွေ၊ Monitor Screen တွေကို ကြည့်။ သတင်းအချက်အလက်တွေ ရှိတယ်။ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
