လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
အခန်း (၄)
ဘေးရန်ကင်းရှင်းမှု
စက်ကိရိယာများကို ကာရံထားခြင်း
| ၂၃။ | (၁) | အလုပ်ရုံတိုင်းတွင် အောက်ပါ စက်ကိရိယာများကို ထိုစက်ကိရိယာများ လည်နေစဥ် သို့တည်းမဟုတ် ... |
| ... | ... |
လည်နေသော စက်ကိရိယာ၌ သို့တည်းမဟုတ် ထိုစက်ကိရိယာအနီး၌ အလုပ်လုပ်ခြင်း
| ၂၄။ | ... | ... |
| ၂၄။ | (၂) | မည်သည့်မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ စက်ကိရိယာ အစိတ်အပိုင်း လည်နေစဥ်၊ ထိုအစိတ်အပိုင်းကို တိုက်ချွတ်ရန်၊ စက်ဆီထည့်ရန်၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင်ရန် သော်လည်းကောင်း၊ လည်နေသည့် စက်ကိရိယာ၏ လည်နေသော အစိတ်အပိုင်းစပ်ကြားတွင် သို့တည်းမဟုတ် ပုံသေတပ်ထားသည့် အစိတ်အပိုင်းနှင့် လည်နေသော အစိတ်အပိုင်း စပ်ကြားတွင် အလုပ်လုပ်ရန် သော်လည်းကောင်း ခွင့်မပြုရ။ |
| ... | ... |
ဘေးအန္တရာယ် ဖြစ်စေတတ်သော စက်ကိရိယာများ၌ လူငယ်များအား ခိုင်းစေခြင်း
| ၂၅။ | (၁) | စက်နှင့်စပ်ဆိုင်သော ဘေးအန္တရာယ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်မှုများကို အစုံအလင် သိရှိနားလည်ပြီး ဖြစ်သည့်အပြင် | |
| (က) | စက်၌ လုပ်ရမည့်အလုပ်ကို လုံလောက်စွာ သင်ကြားတတ်မြောက်ပြီးဖြစ်သည့် လူငယ် သို့တည်းမဟုတ် | ||
| (ခ) | စက်နှင့်စပ်လျဥ်း၍ ကောင်းစွာတတ်ကျွမ်းနားလည်ပြီး အလုပ်ရည်ဝသူတစ်ဦး၏ ကြီးကြပ်စီမံခြင်းကို ခံရသည့် လူငယ် | ||
| မှတပါး အခြားမည်သည့် လူငယ်မျှ၊ ဤပုဒ်မနှင့် သက်ဆိုင်သည့် စက်၌ အလုပ်မလုပ်ရ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ | |||
| ... | ... | ||
အားဖြတ်တောက်ရန် ကိရိယာများ
| ၂၆။ | ... |
ရှေ့တိုးနောက်ငင်သွားသော စက်များ
| ၂၇။ | ... |
စက်ကိရိယာသစ်ကို အိမ်ဖွဲ့၍ ထားရှိခြင်း
| ၂၈။ | ... |
ဝါဖတ်စက် အနီးအနားတွင် မိန်းမများနှင့် ကလေးများ ခိုင်းစေခြင်းကို တားမြစ်ခြင်း
| ၂၉။ | ဝါဖတ်စက်လည်နေသော အလုပ်ရုံ အစိတ်အပိုင်း တစ်ခုခုတွင် မည်သည့် မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ မခိုင်းစေရ။ ... |
မြှောက်စက်နှင့် ပင့်စက်များ
| ၃၀။ | (၁) | ... |
| ... | ... |
ကရိန်းစက်နှင့် အခြားအလားတူ ပင့်မြှောက်စက်များ
| ၃၁။ | (၁) | ... |
| ... | ... |
လည်သောစက်ကိရိယာ
| ၃၂။ | (၁) | ... |
| ... | ... |
တိုးအားစက်
| ၃၃။ | (၁) | ... |
| ... | ... |
ကြမ်းပြင်၊ သွားလမ်း၊ လှေကား၊ သွားလာစေနိုင်မည့်လမ်း
| ၃၄။ | အလုပ်ရုံတိုင်းတွင် ... | |
| (က) | ... | |
တွင်းနှင့် ကြမ်းပေါက် စသည်များ
| ၃၅။ | (၁) | ... |
| ... | ... |
အလွန်အမင်းလေးလံသောဝန်ချိန်
| ၃၆။ | (၁) | အလုပ်ရုံတွင် မည်သည့် မိန်းမ၊ လူရွယ် သို့တည်းမဟုတ် ကလေးကိုမျှ လေးလံလွန်းသဖြင့် ထိခိုက်နာကျင်စေမည့် လက္ခဏာရှိသော ဝန်ချိန်ကို ပင့်ရန်၊ သယ်ယူရန်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရန် မခိုင်းစေရ။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရုံများတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဥ် တစ်ခုခုတွင်ဖြစ်စေ သာမန်အားဖြင့် လုပ်သူတို့ ပင့်ရမည့်၊ သယ်ယူရမည့် သို့တည်းမဟုတ် ရွှေ့ပြောင်းရမည့် အများဆုံးဝန်ချိန်ကို ပြဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။ | |
| (၃) | အမျိုးသမီး အလုပ်သမားများအား မိန်းမသဘာဝ ဓမ္မတာလာစဥ် အချိန်မျိုးတွင် လုပ်ငန်းခွင်၌ ကျန်းမာရေးအရ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း မှတ်ပုံတင်ဆရာဝန်၏ ဆေးထောက်ခံချက်နှင့်တကွ တင်ပြလာပါက လုပ်ငန်းပိုင်ရှင်က သတ်မှတ်ချက်များနှင့်အညီ စီစဥ်ဆောင်ရွက်ပေးရမည်။ | |
| (၄) | ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်ကို မထိခိုက်စေဘဲ ပေါ့ပါးသော တာဝန်များကိုသာ စေခိုင်းရမည်။ |
မျက်စိကိုကာကွယ်ခြင်း
| ၃၇။ | (၁) | ... |
| ... | ... |
ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုင်းအငွေနှင့် စပ်လျဥ်းသည့် ကြိုတင်ကာကွယ်ချက်
| ၃၈။ | (၁) | ... |
| ... | ... |
ပေါက်ကွဲစေတတ်သည့် သို့တည်းမဟုတ် မီးတောက်လောင်စေတတ်သည့် အခိုးအငွေ့ စသည်များ
| ၃၉။ | (၁) | ... |
| ... | ... |
မီးလောက်လျှင် ဆောင်ရွက်ရမည့် စီမံချက်များ
| ၄၀။ | (၁) | အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောက်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဌာန်းသည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်းမရှိဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင် စစ်ဆေးရေးအရာရှိသည် အလုပ်ရုံမန်နေဂျာထံသို့ အမိန့်ချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့် လည်းကောင်း၊ ဤပုဒ်မအရ ပြုသည့် နည်းလမ်းများပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ ညီညွတ်စွာဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များ ဖော်ပြ၍ အမိန့်စာတွင် ဖော်ပြသည့်နေ့ရက် မတိုင်မီ ထိုစီမံချက်များ ဖော်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။ | ||||
| (၂) | အလုပ်ရုံတိုင်းတွင် အခန်းတစ်ခုခုမှ ထွက်နိုင်သည့် တံခါးများကို အခန်းတွင်း၌ လူတစ်ဦးတစ်ယောက်ရှိနေစဥ် အတွင်းမှ ရုတ်တရက် အလွယ်တကူ မဖွင့်နိုင်အောင် သော့ခတ်ထားခြင်း သို့တည်းမဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုးမဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။ | |||||
| (၃) | အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှလွဲ၍ မီးလောက်လျှင် ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး သို့တည်းမဟုတ် အခြားထွက်ပေါက်အသီးသီးတွင် အလုပ်သမားများ နားလည်သည့်စာဖြင့် ထင်ရှားစွာရေးထားသော အနီရောက်စာလုံးများနှင့်ဖြစ်စေ၊ အခြားကောင်းစွာသိသာနိုင်သည့် အမှတ်အသားနှင့်ဖြစ်စေ ထင်ရှားစွာ မှတ်သားထားရမည်။ | |||||
| (၄) | မီးလောက်လျှင် အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွာကြားသိနိုင်အောင် အချက်ပေးကိရိယာများကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။ | |||||
| (၅) | မီးလောက်လျှင် ထွက်ပေါက်များသို့ အလွယ်တကူ သွားနိုင်သည့်လမ်းကို အလုပ်ရုံအခန်းအသီးသီးရှိ အလုပ်သမားအားလုံး အသုံးပြုနိုင်ရန် ရှင်းလင်းထားရှိရမည်။ | |||||
| (၆) |
| |||||
| (၇) | အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည် အလုပ်ရုံ တစ်ခုခုနှင့်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုနှင့်ဖြစ်စေ၊ စပ်လျဥ်း၍ မီးလောင်လျှင် အသုံးပြုရန် စီမံထားရှိရမည့် ထွက်ပေါက်များနှင့်တကွ မီးသတ်ကိရိယာ အမျိုးအစားနှင့် အရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။ |
ချို့ယွင်းသော အစိတ်အပိုင်းများကို သီးခြားဖော်ပြရန်ဖြစ်စေ၊ ခိုင်မခိုင် စမ်းသပ်ခြင်းပြုရန်ဖြစ်စေ ဆင့်ဆိုနိုင်သည့် အာဏာ
| ၄၁။ | ... |
အဆောက်အဦးများနှင့် စက်ကိရိယာများ ဘေးရန်ကင်းရှင်းမှု
| ၄၂။ | ... |
ဤအခန်းကို နောက်ဆက်တွဲဖြည့်စွက်ရန် နိုင်ငံတော်သမ္မတက နည်းဥပဒေများ ပြုနိုင်သည့်အာဏာ
| ၄၃။ | ... |
| ၄၃-က။ | အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်းပပျောက်စေရန် အလို့ငှာ လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းများကို တက်ရောက်စေရမည်။ |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
လုပ်ငန်းခွင် ကျန်းမာရေး
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
အခန်း (၃)
ကျန်းမာရေး
သန့်ရှင်းစင်ကြယ်မှု
| ၁၃။ | (၁) | အလုပ်ရုံတိုင်း၊ အလုပ်ရုံဝန်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်အပြင် ရေမြောင်းမှ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ်စွန့်ရန်နေရာမှ သို့တည်းမဟုတ် အခြားနံစော်သည့်အရာမှ ထွက်သည့် အနံ့နှင့်လည်း ကင်းစေရမည်။ ထို့ပြင် အထူးအဖြင့် | |
| (က) | ကြမ်းပြင်များနှင့် အလုပ်ခုံများ၊ လှေကားများနှင့် လမ်းများတွင် တင်ရှိနေသော အညစ်အကြေး အမှိုက်သရိုက် စသည်များကို တံမြက်စည်းဖြင့် သော်လည်းကောင်း၊ အခြားထိရောက်သော နည်းလမ်းဖြင့် သော်လည်းကောင်း၊ နေ့စဥ်လှည်းကျင်း၍ သင့်တော်သော နည်းလမ်းဖြင့် စွန့်ပစ်ရမည်။ | ||
| (ခ) | အလုပ်ခန်းတိုင်း၏ ကြမ်းပြင်ကို ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ကျ ဆေးကြောရမည်။ အကယ်၍ အနံ့ပျောက်ဆေးထည့်၍ ဆေးကြောရန်လိုလျှင် ထည့်၍ ဆေးကြောရမည် သို့တည်းမဟုတ် အခြားထိရောက်သော နည်းလမ်းဖြင့် သန့်ရှင်းစင်ကြယ်အောင် ပြုရမည်။ | ||
| ... | ... | ||
စွန့်ပစ်ပစ္စည်းများနှင့် ယိုစီးသည့်အရာများအား သုတ်သင်ရှင်းလင်းခြင်း
| ၁၄။ | (၁) | အလုပ်ရုံတိုင်းတွင် ပြုလုပ်မှုလုပ်ငန်းစဥ်အရ စွန့်ပစ်ပစ္စည်းများ၊ ယိုစီးသည့်အရာများနှင့် အခိုးအငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်းသန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုင်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။ |
| ... | ... |
လေဝင်လေထွက်ရရှိအောင်နှင့် အပူအအေးမျှတအောင် ပြုခြင်း
| ၁၅။ | (၁) | အလုပ်ရုံ၏ အလုပ်ခန်းတိုင်းတွင် လေကောင်းလေသန့် လုံလောက်စွာ ရရှိရန်နှင့် အလုပ်သမားတို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေးမျှတရန် သင့်တော်လုံလောက်သော စီမံချက်များ ပြုပေးရမည်။ အထူးသဖြင့် ... | |
| ... | ... | ||
အမှုန်နှင့် အခိုးအငွေ့များ
| ၁၆။ | (၁) | အလုပ်ရုံတွင် လုပ်နေသော ပြုလုပ်မှုလုပ်ငန်းစဥ်နှင့် စပ်လျဥ်း၍ ... |
| ... | ... |
လေကိုစိုထိုင်းစေခြင်း
| ၁၇။ | (၁) | လေကို ပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံအားလုံးတွင် ... |
| ... | ... |
လူထူထပ်ခြင်း
| ၁၈။ | (၁) | အလုပ်ရုံရှိ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေး ထိခိုက်နိုင်လောက်အောင် လူထူထပ်ခြင်း မရှိစေရ။ |
| (၂) | ပုဒ်မခွဲ (၁) တွင် မည်သို့ပင်ပြဌာန်းထားစေကာမူ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားအသီးသီးအတွက် ကုဗအကျယ်အဝန်းသည် ကုဗပေ ငါးရာအောက် မနည်းစေရ၊ ကုဗအကျယ်အဝန်းတွက်စစ်ရန် အလို့ငှာ ကြမ်းပြင်မှ ဆယ့်လေးပေအထက်မြင့်သော အကျယ်အဝန်းကို ထည့်သွင်းခြင်းမပြုရ။ | |
| ... | ... |
အလင်းရောက်ရစေခြင်း
| ၁၉။ | (၁) | အလုပ်သမားများ အလုပ်လုပ်နေသော ... |
| ... | ... |
သောက်ရေ
| ၂၀။ | (၁) | အလုပ်ရုံတိုင်းတွင် သင့်တော်၍ အသွားအလာ လွယ်ကူသော နေရာများ၌ အလုပ်သမားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကို လုံလောက်စွာ ထားရှိရန် ထိရောက်စွာ စီမံဆောင်ရွက်ပေးရမည်။ |
| (၂) | ရေထားပေးသော နေရာအားလုံးကို ပီသသောစာလုံးများဖြင့် "သောက်ရေ" ဟု ရေးမှတ်ထားရမည့်အပြင် ထိုနေရာကို အဝတ်လျှော်ဖွတ်ရာနေရာ၊ အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာမှ ပေနှစ်ဆယ်အတွင်း မထားရှိစေရ။ | |
| ... | ... |
အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ
| ၂၁။ | (၁) | အလုပ်ရုံတိုင်းတွင် -- | |
| (က) | အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာ သွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို သတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရမည်။ | ||
| (ခ) | မိန်းမအလုပ်သမားများအတွက် အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို ယောက်ျားအလုပ်သမားများအတွက် ထားရှိသော အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများမှ သီးခြားစီမံထားပေးရမည်။ | ||
| (ဂ) | ထိုအိမ်သာများ၏ အဝင်ဝတွင် "ယောက်ျား" သို့တည်းမဟုတ် "မိန်းမ" ဟု သက်ဆိုင်ရာစာတမ်းကိုဖြစ်စေ၊ အမှတ်အသားကိုဖြစ်စေ ထင်ရှားအောင် ကပ်ထားရမည်။ | ||
| (ဃ) | အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို အလင်းရောင်နှင့် လေလုံလောက်စွာရရှိအောင် စီမံထားရှိရမည်။ မည်သည့်အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာကိုမျှ ကြားနေရာလပ် သို့တည်းမဟုတ် လေဝင်လေထွက်နိုင်သောလမ်း မရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍မထားရ။ | ||
| (င) | အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို မည်သည့်အချိန်တွင်မဆို သန့်ရှင်းစင်ကြယ်၍ ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေတွင် ထားရှိရမည်။ | ||
| (စ) | တံမြက်လှည်းသူ လုံလောက်စွာ ထားရှိရမည်။ ထိုတံမြက်လည်းသူ၏ အဓိက အလုပ်ဝတ္တရားမှာ အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများနှင့် လျှော်ဖွတ်ရန်နေရာများကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန်ပင်ဖြစ်သည်။ | ||
| (၂) | သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် | ||
| (က) | သန့်ရှင်းစင်ရေးနှင့် ညီညွတ်သည်ဟု သတ်မှတ်ထားသော ပုံစံအတိုင်း အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ စီမံထားရှိရမည်။ | ||
| (ခ) | အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများ စသည့် သန့်ရှင်းစင်ကြယ်ရေးနှင့် ဆိုင်သော အဆောက်အဦးများ၏ ကြမ်းပြင်များနှင့် ထိုကြမ်းပြင်များမှ သုံးပေအမြင့်အထိ နံရံများကို ကြွေရည်သုတ် ကျောက်ပြား သို့တည်းမဟုတ် ချောမွေ့လျက် ရေစိမ့်မဝင်နိုင်သော အခြားပစ္စည်းများဖြင့် စီမံထားရှိရမည်။ | ||
| (ဂ) | ပုဒ်မခွဲ (၁)၊ အပိုဒ် (င) နှင့် (စ) ပါပြဌာန်းချက်များကို မထိခိုက်စေဘဲ ယင်းကဲ့သို့ စီမံပြုလုပ်ပြီးသည့် ကြမ်းပြင်နှင့် နံရံအစိတ်အပိုင်းကို လည်းကောင်း၊ ကျင်ကြီးကျင်ငယ် ခံခွက်များကို လည်းကောင်း၊ ရောဂါကင်းစေသည့် ဆေးကိုဖြစ်စေ၊ အနံ့ပျောက်ဆေးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အသုံးပြုနေ၍ နေ့စဥ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားရမည်။ | ||
| ... | ... | ||
တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံများ
| ၂၂။ | (၁) | အလုပ်ရုံတိုင်းတွင် သင့်တော်သော နေရာတိုင်း၌ ... |
| ... | ... |
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အများပြည်သူ အလုပ်ပိတ်ရက်
အဓိပ္ပါယ်ဖွင့်ဆိုချက်
| ၂။ | (၈) | အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်တို့ကို ဆိုသည်။ |
| ၂။ | (ဋ) | အများပြည်သူ အလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူ အလုပ်ပိတ်ရက်များကို ဆိုသည်။ |
အများပြည်သူ အလုပ်ပိတ်ရက် ခွင့်ပြုရခြင်း
| ၃။ | (၁) | အလုပ်ရှင်က မိမိ၏ အလုပ်သမားအသီးသီးအား သက်ဆိုင်ရာရာ အခကြေးငွေ သို့တည်းမဟုတ် လစာငွေအပြည့်နှင့် အောက်ပါနေ့များကို အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်ဖြင့် ခွင့်ပြုရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူ အလုပ်ပိတ်ရက်များ။ |
ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်နေလျှင် အခြားနေ့တစ်နေ့သို့ ပြောင်းလဲသတ်မှတ်ခွင့်မရှိခြင်းနှင့် အလုပ်လုပ်ရလျှင် အချိန်ပိုကြေးပေးရခြင်း
| ၃။ | (၂) | အများပြည်သူ အလုပ်ပိတ်ရက်တစ်ရက်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူ အလုပ်ပိတ်ရက်နှင့်ဖြစ်စေ တိုက်ဆိုင်နေလျှင် အခြားနေ့တစ်နေ့ကို အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်ဖြင့် ပြောင်းလဲ၍ခွင့်မပြုရ။ ထိုသို့ တိုက်ဆိုင်သည့် အလုပ်ပိတ်ရက်ကို အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်သည်ဟု ယူဆရမည်။ သို့ရာတွင် အလုပ်သမားသည် အလုပ်လုပ်ရလျှင် ထိုအလုပ်သမားအား သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော်လည်းကောင်း၊ ထိုနေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည့်အပြင် ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။ |
ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အလုပ်သမားများအတွက် ပိတ်ရက်
| ၃။ | (၃) | ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အလုပ်သမားများအတွက် ထိုအလုပ်သမားများနှင့် အလုပ်ရှင်များ အချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာရာ ဘာသာရေး အခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။ |
အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် ခွင့်ပြုပေးရခြင်း
| ၃။ | (၄) | အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။ |
နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြင်လျှင် အခကြေးငွေ ခံစားခွင့်ရှိခြင်း
| ၁၆။ | နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူ အလုပ်ပိတ်ရက်အပါအဝင် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြင်လျှင် အများပြည်သူ အလုပ်ပိတ်ရက်ကို သတ်ဆိုင်ရာရာ အခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။ |
အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခြင်း
| ၁၇။ | အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြိး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။ |
| ၁၈။ | အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများ မြင်သာအောင် ကပ်ထားရမည်။ |
အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာ အခကြေးငွေ တွက်ချက်ခြင်း
| ၁၉။ | အများပြည်သူ အလုပ်ပိတ်ရက်အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံနှင့် ညီမျှသော အခကြေးငွေဖြင့် လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းထားဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူ အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။ |
တစ်ရက် သတ်မှတ်အလုပ်ချိန် ပြည့်အောင် ခိုင်းစေခြင်းမရှိသည့်တိုင် နှစ်ဆပေးရခြင်း
| ၂၀။ | အလုပ်ရှင်သည် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက် သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်း လုပ်ခကို ဥပဒေပါပြဌာန်းချက်အတိုင်း သက်ဆိုင်ရာရာ အခြေခံ အခကြေးငွေကို သော်လည်းကောင်း၊ အခြေခံလစာငွေကို သော်လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။ |
တစ်ရက် သတ်မှတ်အလုပ်ချိန် ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအား နှစ်ဆပေးရခြင်း
| ၂၁။ | အလုပ်ရှင်သည် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက် သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအတွက် ထိုနေ့ရရှိသည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသော လုပ်ခ၏ နှစ်ဆကို ပေးချေရမည်။ |
ရှေ့ပိတ်၊ နောက်ပိတ် ခွင့်ယူခြင်း
| ၂၂။ | အလုပ်သမားသည် အများပြည်သူ အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် အများပြည်သူ အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး အများပြည်သူ အလုပ်ပိတ်ရက် ကုန်ဆုံးပြီးသည့်နောက်တစ်ရက် အပါအဝင်အထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူ အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခြင်း မပြုရ။ |
ရက်သတ္တပတ် အလုပ်ပိတ်ရက်
အဓိပ္ပါယ်ဖော်ပြချက်
| ၂။ | (၈) | အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက် တို့ကို ဆိုသည်။ |
| ၂။ | (ည) | ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက် အနားပေးရသည့်ရက်ကို ဆိုသည်။ |
ရက်သတ္တပတ် အလုပ်ပိတ်ရက်၊ အလုပ်လုပ်ရန် ခွင့်ပြုချက်နှင့် ရက်စားအနားပေးရခြင်း
| ၆၀။ | (၁) | မည်သည့် လူကြီးအလုပ်သမားကိုမျှ အောက်ပါအချက်များနှင့် မညီညွတ်လျှင်၊ တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။ | |
| (က) | ထိုအလုပ်သမားသည် တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရပြီးဖြစ်စေရမည်။ သို့တည်းမဟုတ် ထိုတနင်္ဂနွေနေ့နောက် သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရပြီးဖြစ်စေရမည်။ ထို့အပြင် | ||
| (ခ) | အလုပ်ရုံမန်နေဂျာသည် ထိုတနင်္ဂနွေနေ့ သို့တည်းမဟုတ် အပိုဒ် (က) အရ ထိုနေ့အဖို့ အစားသွင်းသည့်နေ့၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ (ကက) ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန် လိုအပ်ပါက အလုပ်သမား၏ သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေးရေးအရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းဆုံး သုံးရက်ကြိုတင်၍ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့အပြင် (ခခ) အနည်းဆုံး နှစ်ဆယ့်လေးနာရီ ကြိုတင်၍ ယင်းသို့ကြံရွယ်ကြောင်း နို့တစ်စာကို အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားပြီး ဖြစ်ရမည့်အပြင် ထိုနေ့များအနက် နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။ | ||
| သို့ရာတွင် အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကို ဖြစ်စေမည့် မည်သည့်ရက် အစားထိုးခြင်းကိုမျှ မပြုရ။ | |||
| (၂) | ပုဒ်မခွဲ (၁) အရ ပေးသည့် နို့တစ်စာများကို တနင်္ဂနွေနေ့ သို့တည်းမဟုတ် ပယ်ဖျက်မည်ဖြစ်သည့် အလုပ်ပိတ်ရက်၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့ မတိုင်မီ ရက်တစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိ၏ရုံးသို့ ပေးအပ်သည့် နို့တစ်စာဖြင့်လည်းကောင်း၊ ပုဒ်မ ၆၇ အရ ကပ်ထားသည့် အချိန်နို့တစ်စာ၏ အနီးတွင် မြင်သာအောင်ကပ်ထားသည့် နို့တစ်စာဖြင့်လည်းကောင်း ပယ်ဖျက်နိုင်သည်။ | ||
| (၃) | ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်များနှင့်အညီ အလုပ်သမားသည် တနင်္ဂနွေနေ့၌ အလုပ်လုပ်၍ ထိုနေ့မတိုင်မီ သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် ရပြီးဖြစ်သည့်အချက်တွင် ထိုတနင်္ဂနွေနေ့ကို ထိုအလုပ်သမား ရက်သတ္တပတ် အလုပ်လုပ်သည့် အချိန်တွက်ချက်ရန်အလို့ငှာ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။ | ||
| ၇။ | အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ် အလုပ်ပိတ်ရက် မကျရောက်မီ အများပြည်သူ အလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ရက်သတ္တပတ် အလုပ်ပိတ်ရက် ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ရက်အစားထိုး၍ အနားပေရမည်။ ထိုသို့ ရက်အစားထိုး အနားရပါက အချိန်ပိုလုပ်အားခခံစားခွင့်မရှိစေရ။ |
| ၈။ | အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် တစ်ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစားထိုးခြင်းကိုမျှ မပြုရ။ |
| ၉။ | ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာဝအရ မဖြစ်မနေ အလုပ်လုပ်ရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။ |
| ၁၀။ | ထိုသို့ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင် ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများ မြင်သာအောင် ကပ်ထားရမည်။ |
| ၁၁။ | အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုနေ့နောက် အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ အစားထိုး အလုပ်ပိတ်ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာ ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။ |
နောင်လာမည့် ပြက္ခဒိန်လနှစ်လအတွင်း အလုပ်ပိတ်ရက် အစားပေးနိုင်ခြင်း
| ၆၀။ | (၁) | ဤအက်ဥပဒေပါ ပြန်ဌာန်းချက်များအရ၊ အလုပ်ရုံကို သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်လုပ်သူများကို ပုဒ်မ ၆၀ ရှိပြဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ချမှတ်ခြင်းကြောင့်ဖြစ်စေ၊ နည်းဥပဒေပြုခြင်းကြောင့်ဖြစ်စေ၊ ထိုပုဒ်မရှိ ပုဒ်မခွဲ (၁) ဖြင့် ပြဌာန်းထားသည့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များအနက် တစ်ရက်ရက်ကို အလုပ်သမားအား ခံစားခွင့်မပေးလျှင် ထိုသူအား အလုပ်ပိတ်ရက်များ ရသင့်သည့် ပြက္ခဒိန်လအတွင်းတွင်ဖြစ်စေ၊ နောင်လာမည့် ပြက္ခဒိန်လ နှစ်လအတွင်းတွင်ဖြစ်စေ၊ မိမိဆုံးရှုံးသော အလုပ်ပိတ်ရက် အရေအတွက်နှင့် ညီမျှသော အစားပေးသည့် အလုပ်ပိတ်ရက်များကို ခွင့်ပြုရမည်။ |
| (၂) | အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ပုဒ်မခွဲ (၁) တွင် ပြဌာန်းထားသည့် အလုပ်ပိတ်ရက်များကို မည်သို့မည်ပုံ ခွင့်ပြုရမည်ဟု ပြဌာန်းနိုင်သည်။ |
အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် ခွင့်ပြုပေးရခြင်း
| ၃။ | (၄) | အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။ |
ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန် ပြည့်အောင်လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် အခကြေးငွေ ပေးရခြင်း
| ၃။ | အလုပ်သမားသည် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန် ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ် အလုပ်ပိတ်ရက် အနည်းဆုံးတစ်ရက်ကို သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။ |
တရားဝင်အလုပ်လုပ်ရက်များအဖြစ် မှတ်ယူခြင်း
| ၄။ | ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့် ရက်များလည်း ပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ်အလုပ်ချိန်ကိုသာ ထည့်သွင်းတွက်ချက်ရမည်။ |
ရှေ့ပိတ်၊ နောက်ပိတ် ခွင့်ယူခြင်း
| ၅။ | အလုပ်သမားများသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်အထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။ |
| ၆။ | အလုပ်သမားများသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ နောက်ရက်သတ္တပတ် အလုပ်ပိတ်ရက်အထိ ခွင့်ခံစားပါက နောက်ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။ |
လုံခြုံရေးဝန်ထမ်း၊ အဆိုင်းစနစ် အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်
| ၁၂။ | လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီချက်ရှိသည့်အတိုင်း ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို အလှည့်ကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။ |
ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက် တိုက်ဆိုင်ကျရောက်ခြင်း
| ၁၃။ | ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်းကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။ |
ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် အခကြေးငွေ တွက်ချက်ခြင်း
| ၁၄။ | ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် နေ့စား အလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။ |
မှတ်တမ်းထားရခြင်းနှင့် မှတ်တမ်းကို လစဥ်ပေးပို့ရခြင်း
| ၁၅။ | အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄) ဖြင့် ငွေကြေးခံစားခွင့်မှတ်တမ်းကို လစဥ်ပေးပို့ရမည်။ |
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် - ၂၀၁၇
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း
အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်
Myanmar Unicode and Disqus Comment Box
If you type Myanmar language online, you’ve probably met this problem:
Everything’s fine — until you type ေ (the “E-vowel”) second time (E.g. the second ေ in ကောင်း ေကာင်း) in a Disqus comment box. Suddenly, the whole page reloads and even Disqus comment box disappears.
Build Script for Cloudflare and Hugo
In Cloudflare Pages → Project Settings → Build Configuration, I can set the Framework preset to Hugo, the Build command to hugo, and the Build output directory to public. That’s the default when selecting Hugo.
No Framework Preset in Cloudflare Pages Project Settings
2025-08-06 Wednesday: Cloudflare Pages → project settings → Build configuration မှာ Framework preset ကို Hugo ထားပြီး Build command နေရာမှာ hugo နဲ့ Build output directory မှာ public ထားလို့ရတယ်။ အဲ့ဒါက Hugo ကိုရွေးရင် default ပဲ။ ဒါပေမယ့် Pagefind ကို သုံးတဲ့အခါ Build command ကို hugo && npx pagefind --site "public" ထားလို့ရတာမှန်ပေမယ့် စိတ်တိုင်းမကျ။ Cloudflare က တစ်ခါ build လုပ်တိုင်း hugo ကို run ပြီး pagefind ကို install လုပ်နေတယ်။ ပြီးတော့မှ pagefind ကို ထပ် run ရအုံးမယ်။ ကြာတယ်။ local မှာ လုပ်လို့ရနေမှတော့ ဘာလို့ခက်ခဲနေတော့မလဲ။ Framework preset မှာ None ကိုရွေးပြီး Build command နဲ့ Build output directory နှစ်ခုကို blank တွေထားလိုက်။
Yangon Postal/Zip Codes
See: https://www.yangondirectory.com/listing/k:Post+Office
From: https://gist.github.com/ssoemoe/3ce622902a3f9bcafd9a11027b05b08a
Ahlone – 11121
Aung San – Insein – 11012
Bahan – Bahan – 11201
Bayintnaung Market (Thamine) – Mayangone – 11062
Bogyoke Market – Pabedan – 11143
Botahtaung – Botahtaung – 11162
Botahtaung – Botahtaung – 11161
Dagon – Dagon – 11191
Dagon Myothit (North) – Dagon Myothit (North) – 11421
Dagon Myothit (South) – Dagon Myothit (South) – 11431
Dawbon – Dawbon – 11241
Hlaing – Hlaing – 11051
Hlaing Thar Yar – Hlaing Thar Yar – 11401
Insein – Insein – 11011
Kaba Aye – Mayangone – 11061
Kamayut – Kamayut – 11041
Kyauk Tan – Kyauk Tan – 11301
Kyauktada – Kyauktada – 11182
Kyeemyindaing – Kyimyindaing – 11101
Lanmadaw – Lanmadaw – 11131
Mingalar Taung Nyunt – Mingalar Taung Nyunt – 11221
Mingalardon – Mingalardon – 11021
Okkalapa (North) – Okkalapa (North) – 11031
Okkalapa (South) – Okkalapa (South) – 11091
Pabedan – Pabedan – 11141
Pazundaung – Pazundaung – 11171
Pyi Thar Yar – Yankin – 11082
Sanchaung – Sanchaung – 11111
Shwe Pyi Thar – Shwe Pyi Thar – 11411
Shwepaukan – Okkalapa (North) – 11032
Tamwe – Tamwe – 11211
Tanyin – Tanyin – 11291
Thamine College – Hlaing – 11052
Tharkayta – Tharkayta – 11231
Theingyi Market – Pabedan – 11142
Thingangyun – Thingangyun – 11071
Thuwunna – Thingangyun – 11072
Yangon (Main Post Office) – Yangon – 11181
Yangon Station – Mingalar Taung Nyunt – 11222
Yankin – Yankin – 11081