ရက်သတ္တပတ် အလုပ်ပိတ်ရက်

အဓိပ္ပါယ်ဖော်ပြချက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၂။(၈)အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက် တို့ကို ဆိုသည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ည)ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက် အနားပေးရသည့်ရက်ကို ဆိုသည်။

ရက်သတ္တပတ် အလုပ်ပိတ်ရက်၊ အလုပ်လုပ်ရန် ခွင့်ပြုချက်နှင့် ရက်စားအနားပေးရခြင်း

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
၆၀။(၁)မည်သည့် လူကြီးအလုပ်သမားကိုမျှ အောက်ပါအချက်များနှင့် မညီညွတ်လျှင်၊ တနင်္ဂနွေနေ့၌ အလုပ်ရုံတွင် အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
(က)ထိုအလုပ်သမားသည် တနင်္ဂနွေနေ့မတိုင်မီ သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရပြီးဖြစ်စေရမည်။ သို့တည်းမဟုတ် ထိုတနင်္ဂနွေနေ့နောက် သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် တစ်ရက်လုံးရပြီးဖြစ်စေရမည်။ ထို့အပြင်
(ခ)အလုပ်ရုံမန်နေဂျာသည် ထိုတနင်္ဂနွေနေ့ သို့တည်းမဟုတ် အပိုဒ် (က) အရ ထိုနေ့အဖို့ အစားသွင်းသည့်နေ့၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့မတိုင်မီ
(ကက) ရက်သတ္တပတ် အလုပ်ပိတ်ရက်များ၌ လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်စေရန် လိုအပ်ပါက အလုပ်သမား၏ သဘောတူညီချက်ဖြင့် လုပ်ငန်းပိုင်ရှင် သို့မဟုတ် မန်နေဂျာသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့မဟုတ် ယင်းဦးစီးဌာနက လွှဲအပ်ထားသည့် စစ်ဆေးရေးအရာရှိထံသို့ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အနည်းဆုံး သုံးရက်ကြိုတင်၍ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ကိုင်စေရမည်။ ထို့အပြင်
(ခခ) အနည်းဆုံး နှစ်ဆယ့်လေးနာရီ ကြိုတင်၍ ယင်းသို့ကြံရွယ်ကြောင်း နို့တစ်စာကို အလုပ်ရုံတွင် မြင်သာအောင် ကပ်ထားပြီး ဖြစ်ရမည့်အပြင် ထိုနေ့များအနက် နောက်ကျသည့်နေ့ ကုန်ဆုံးသည်အထိ ကပ်ထားရမည်။
သို့ရာတွင် အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကို ဖြစ်စေမည့် မည်သည့်ရက် အစားထိုးခြင်းကိုမျှ မပြုရ။
(၂)ပုဒ်မခွဲ (၁) အရ ပေးသည့် နို့တစ်စာများကို တနင်္ဂနွေနေ့ သို့တည်းမဟုတ် ပယ်ဖျက်မည်ဖြစ်သည့် အလုပ်ပိတ်ရက်၊ ထိုနေ့များအနက် အလျင်ကျသည့်နေ့ မတိုင်မီ ရက်တစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိ၏ရုံးသို့ ပေးအပ်သည့် နို့တစ်စာဖြင့်လည်းကောင်း၊ ပုဒ်မ ၆၇ အရ ကပ်ထားသည့် အချိန်နို့တစ်စာ၏ အနီးတွင် မြင်သာအောင်ကပ်ထားသည့် နို့တစ်စာဖြင့်လည်းကောင်း ပယ်ဖျက်နိုင်သည်။
(၃)ပုဒ်မခွဲ (၁) ပါ ပြဌာန်းချက်များနှင့်အညီ အလုပ်သမားသည် တနင်္ဂနွေနေ့၌ အလုပ်လုပ်၍ ထိုနေ့မတိုင်မီ သုံးရက်အနက် တစ်ရက်ရက်တွင် အလုပ်ပိတ်ရက် ရပြီးဖြစ်သည့်အချက်တွင် ထိုတနင်္ဂနွေနေ့ကို ထိုအလုပ်သမား ရက်သတ္တပတ် အလုပ်လုပ်သည့် အချိန်တွက်ချက်ရန်အလို့ငှာ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၇။အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရပါက ရက်သတ္တပတ် အလုပ်ပိတ်ရက် မကျရောက်မီ အများပြည်သူ အလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ရက်သတ္တပတ် အလုပ်ပိတ်ရက် ကျရောက်ပြီးနောက် အများပြည်သူအလုပ်ပိတ်ရက်မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ရက်အစားထိုး၍ အနားပေရမည်။ ထိုသို့ ရက်အစားထိုး အနားရပါက အချိန်ပိုလုပ်အားခခံစားခွင့်မရှိစေရ။
၈။အလုပ်သမားတစ်ဦးဦးအား အလုပ်ပိတ်ရက် တစ်ရက်လုံးမရစေဘဲ အဆက်မပြတ် တစ်ဆယ်ရက်ထက်ပို၍ အလုပ်လုပ်ရခြင်းကိုဖြစ်စေမည့် မည်သည့်ရက်အစားထိုးခြင်းကိုမျှ မပြုရ။
၉။ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် လုပ်ငန်းသဘာဝအရ မဖြစ်မနေ အလုပ်လုပ်ရန် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အလုပ်သမား၏ ဆန္ဒကိုရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။
၁၀။ထိုသို့ ရက်သတ္တပတ် အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းနှင့် ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို မည်သည့်နေ့တွင် ရက်အစားထိုး၍ အနားပေးမည်ဖြစ်ကြောင်း အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများ မြင်သာအောင် ကပ်ထားရမည်။
၁၁။အလုပ်သမားသည် ရက်သတ္တပတ် အလုပ်ပိတ်ရက်၌ အလုပ်လုပ်ရ၍ ထိုနေ့မတိုင်မီ အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ၊ ထိုနေ့နောက် အများပြည်သူ အလုပ်ပိတ်ရက် မဟုတ်သည့် သုံးရက်အနက် တစ်ရက်ရက်တွင်ဖြစ်စေ အစားထိုး အလုပ်ပိတ်ရက်ရပြီးဖြစ်လျှင် အလုပ်သမား၏ ရက်သတ္တပတ် အလုပ်လုပ်သည့်အချိန်ကို တွက်ချက်ရာတွင် ထိုအလုပ်ပိတ်ရက်အတွက် အလုပ်ချိန်ကို အလုပ်သမားအား အစားထိုးအနားပေးသည့် သက်ဆိုင်ရာ ရက်သတ္တပတ်တွင် ထည့်သွင်းရမည်။

နောင်လာမည့် ပြက္ခဒိန်လနှစ်လအတွင်း အလုပ်ပိတ်ရက် အစားပေးနိုင်ခြင်း

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
၆၀။(၁)ဤအက်ဥပဒေပါ ပြန်ဌာန်းချက်များအရ၊ အလုပ်ရုံကို သို့တည်းမဟုတ် အလုပ်ရုံတွင် အလုပ်လုပ်သူများကို ပုဒ်မ ၆၀ ရှိပြဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ချမှတ်ခြင်းကြောင့်ဖြစ်စေ၊ နည်းဥပဒေပြုခြင်းကြောင့်ဖြစ်စေ၊ ထိုပုဒ်မရှိ ပုဒ်မခွဲ (၁) ဖြင့် ပြဌာန်းထားသည့် ရက်သတ္တပတ် အလုပ်ပိတ်ရက်များအနက် တစ်ရက်ရက်ကို အလုပ်သမားအား ခံစားခွင့်မပေးလျှင် ထိုသူအား အလုပ်ပိတ်ရက်များ ရသင့်သည့် ပြက္ခဒိန်လအတွင်းတွင်ဖြစ်စေ၊ နောင်လာမည့် ပြက္ခဒိန်လ နှစ်လအတွင်းတွင်ဖြစ်စေ၊ မိမိဆုံးရှုံးသော အလုပ်ပိတ်ရက် အရေအတွက်နှင့် ညီမျှသော အစားပေးသည့် အလုပ်ပိတ်ရက်များကို ခွင့်ပြုရမည်။
(၂)အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ပုဒ်မခွဲ (၁) တွင် ပြဌာန်းထားသည့် အလုပ်ပိတ်ရက်များကို မည်သို့မည်ပုံ ခွင့်ပြုရမည်ဟု ပြဌာန်းနိုင်သည်။

အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် ခွင့်ပြုပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၃။(၄)အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။

ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန် ပြည့်အောင်လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် အခကြေးငွေ ပေးရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၃။အလုပ်သမားသည် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန် ပြည့်အောင် လုပ်ခဲ့ပြီးဖြစ်လျှင် ရက်သတ္တပတ် အလုပ်ပိတ်ရက် အနည်းဆုံးတစ်ရက်ကို သက်ဆိုင်ရာရာ အခကြေးငွေ သို့မဟုတ် အခြေခံလစာငွေဖြင့် ခံစားခွင့်ရှိသည်။

တရားဝင်အလုပ်လုပ်ရက်များအဖြစ် မှတ်ယူခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄။ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ကို တွက်ချက်ရန်အလို့ငှာ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို တရားဝင်အလုပ်လုပ်ရက်အဖြစ် ထည့်သွင်းတွက်ချက်ရမည့်အပြင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရသည့် ရက်များလည်း ပါဝင်သည်။ လုပ်ခခံစားခွင့်ရှိသည့် ခွင့်ရက် သို့မဟုတ် အလုပ်ပိတ်ရက်တစ်ရက်အတွက် တစ်ရက်သတ်မှတ်အလုပ်ချိန်ကိုသာ ထည့်သွင်းတွက်ချက်ရမည်။

ရှေ့ပိတ်၊ နောက်ပိတ် ခွင့်ယူခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၅။အလုပ်သမားများသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးသည့် နောက်တစ်ရက်အပါအဝင်အထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုရက်သတ္တပတ် အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခွင့်မပြုရ။
၆။အလုပ်သမားများသည် ရက်သတ္တပတ် အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ နောက်ရက်သတ္တပတ် အလုပ်ပိတ်ရက်အထိ ခွင့်ခံစားပါက နောက်ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် သတ်မှတ်ရမည်။

လုံခြုံရေးဝန်ထမ်း၊ အဆိုင်းစနစ် အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၂။လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သူများ၊ အဆိုင်းစနစ်တွင် လုပ်ကိုင်သည့် အလုပ်သမားများသည် အလုပ်ရှင်နှင့် သဘောတူညီချက်ရှိသည့်အတိုင်း ရက်သတ္တပတ် အလုပ်ပိတ်ရက်ကို အလှည့်ကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။

ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက် တိုက်ဆိုင်ကျရောက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၃။ရက်သတ္တပတ် အလုပ်ပိတ်ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်နှင့် တစ်ထပ်တည်းကျရောက်ခဲ့လျှင် ထိုနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခံစားခွင့်ပြုရမည်။

ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် အခကြေးငွေ တွက်ချက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၄။ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် နေ့စား အလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ရက်သတ္တပတ် အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

မှတ်တမ်းထားရခြင်းနှင့် မှတ်တမ်းကို လစဥ်ပေးပို့ရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၅။အလုပ်ရှင်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်အတွက် ငွေကြေးခံစားခွင့်များကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိပြီး ဦးစီးဌာနသို့ ပုံစံ (၄) ဖြင့် ငွေကြေးခံစားခွင့်မှတ်တမ်းကို လစဥ်ပေးပို့ရမည်။

 

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် - ၂၀၁၇

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း

အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇)
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်

အလုပ်သမား (၅) ဦးနှင့်အထက် လုပ်ငန်းများ တစ်ဦးချင်းချုပ်ဆိုရန် လိုအပ်ခြင်း

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း
၃။အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်သမား (၅) ဦးနှင့်အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ပဏီများ၊ လုပ်ငန်းများနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၌ ယာယီခန့်ထားသည့် နေ့စားအလုပ်သမားနှင့် ပုတ်ပြတ်အလုပ်သမားများ တစ်ဦးချင်း ချုပ်ဆိုရမည်ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက် လက်မှတ်ရေးထိုးချုပ်ဆိုပြီးပါက သက်ဆိုင်ရာမြို့နယ် သို့မဟုတ် ခရိုင်ရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ အတည်ပြုချက်ရယူရန် ဖြစ်ပါသည်။

အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းအတည်ပြုထားသည့် စာချုပ်ပုံစံပါအတိုင်း ချုပ်ဆိုရခြင်း

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်ကြေညာခြင်း
၄။သို့ဖြစ်ပါ၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၁(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းအတည်ပြုထားသည့် အောက်ဖော်ပြပါ စာချုပ်ပုံစံပါအတိုင်း ချုပ်ဆိုကြရန် ထုတ်ပြန်လိုက်သည်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်

စာချုပ်အမှတ်၊ ___________

Myanmar Unicode and Disqus Comment Box

If you type Myanmar language online, you’ve probably met this problem:
Everything’s fine — until you type ေ (the “E-vowel”) second time (E.g. the second ေ in ကောင်း ေကာင်း) in a Disqus comment box. Suddenly, the whole page reloads and even Disqus comment box disappears.

This is not a random glitch. It’s a combination of:

  • The Myanmar typing system, where the vowel ေ is traditionally typed before the consonant (e.g., type ေ then က to get ေက) for typing ကောင်း.
  • Unicode order rules, which expect consonants first (e.g., ကောင်း).
  • A Disqus input handling bug, which misinterprets the second typing of ေ as a “Back” or “Reload” key sequence in certain browsers.

The result? Your carefully typed comment is gone.

Build Script for Cloudflare and Hugo

In Cloudflare Pages → Project Settings → Build Configuration, I can set the Framework preset to Hugo, the Build command to hugo, and the Build output directory to public. That’s the default when selecting Hugo.

However, when using Pagefind, even though I can set the Build command to hugo && npx pagefind --site "public", it’s not quite satisfying. This is because, on every build, Cloudflare runs hugo, installs Pagefind, and then runs npx pagefind --site "public" again — which takes a long time.

No Framework Preset in Cloudflare Pages Project Settings

2025-08-06 Wednesday: Cloudflare Pages → project settings → Build configuration မှာ Framework preset ကို Hugo ထားပြီး Build command နေရာမှာ hugo နဲ့ Build output directory မှာ public ထားလို့ရတယ်။ အဲ့ဒါက Hugo ကိုရွေးရင် default ပဲ။ ဒါပေမယ့် Pagefind ကို သုံးတဲ့အခါ Build command ကို hugo && npx pagefind --site "public" ထားလို့ရတာမှန်ပေမယ့် စိတ်တိုင်းမကျ။ Cloudflare က တစ်ခါ build လုပ်တိုင်း hugo ကို run ပြီး pagefind ကို install လုပ်နေတယ်။ ပြီးတော့မှ pagefind ကို ထပ် run ရအုံးမယ်။ ကြာတယ်။ local မှာ လုပ်လို့ရနေမှတော့ ဘာလို့ခက်ခဲနေတော့မလဲ။ Framework preset မှာ None ကိုရွေးပြီး Build command နဲ့ Build output directory နှစ်ခုကို blank တွေထားလိုက်။

Yangon Postal/Zip Codes

See: https://www.yangondirectory.com/listing/k:Post+Office

From: https://gist.github.com/ssoemoe/3ce622902a3f9bcafd9a11027b05b08a
Ahlone – 11121
Aung San – Insein – 11012
Bahan – Bahan – 11201
Bayintnaung Market (Thamine) – Mayangone – 11062
Bogyoke Market – Pabedan – 11143
Botahtaung – Botahtaung – 11162
Botahtaung – Botahtaung – 11161
Dagon – Dagon – 11191
Dagon Myothit (North) – Dagon Myothit (North) – 11421
Dagon Myothit (South) – Dagon Myothit (South) – 11431
Dawbon – Dawbon – 11241
Hlaing – Hlaing – 11051
Hlaing Thar Yar – Hlaing Thar Yar – 11401
Insein – Insein – 11011
Kaba Aye – Mayangone – 11061
Kamayut – Kamayut – 11041
Kyauk Tan – Kyauk Tan – 11301
Kyauktada – Kyauktada – 11182
Kyeemyindaing – Kyimyindaing – 11101
Lanmadaw – Lanmadaw – 11131
Mingalar Taung Nyunt – Mingalar Taung Nyunt – 11221
Mingalardon – Mingalardon – 11021
Okkalapa (North) – Okkalapa (North) – 11031
Okkalapa (South) – Okkalapa (South) – 11091
Pabedan – Pabedan – 11141
Pazundaung – Pazundaung – 11171
Pyi Thar Yar – Yankin – 11082
Sanchaung – Sanchaung – 11111
Shwe Pyi Thar – Shwe Pyi Thar – 11411
Shwepaukan – Okkalapa (North) – 11032
Tamwe – Tamwe – 11211
Tanyin – Tanyin – 11291
Thamine College – Hlaing – 11052
Tharkayta – Tharkayta – 11231
Theingyi Market – Pabedan – 11142
Thingangyun – Thingangyun – 11071
Thuwunna – Thingangyun – 11072
Yangon (Main Post Office) – Yangon – 11181
Yangon Station – Mingalar Taung Nyunt – 11222
Yankin – Yankin – 11081

ရင်းနှီးမြှုပ်နှံသူ၏ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ

အခန်း (၁၈)
ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

၇၄။ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်စေခြင်းအားဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေး အတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်လည်းကောင်း၊ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလျှင် စိစစ်ခွင့်ပြုပေးနိုင်သည်။

ဇုန်အလိုက် ဝင်ငွေခွန်ကင်းလွတ်ခွင့်

၇၅။(က)ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါသော ဒေသများအား ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများအား ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန် (၃) အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၇ နှစ်အထိ လည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၅ နှစ်အထိ လည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သောနှစ်အပါအဝင် တစ်ဆက်တည်း ၃ နှစ်အထိ လည်းကောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုနိုင်သည်။
(ခ)အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို သက်ဆိုင်ရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲသတ်မှတ်နိုင်သည်။
(ဂ)ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရန် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံသားပိုင်းလုပ်ငန်းများအား အထူးသာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခွင့်ပြုပေးနိုင်ခြင်း

၇၆။အခန်း (၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဌာန်းချက်များအပြင် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအား အထောက်အပံ့များ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်နေသည့်နေရာ သို့မဟုတ် စီးပွားရေးလုပ်ငန်း အမျိုးအစားများနှင့် စပ်လျဥ်းသည့် ဆောင်ရွက်ချက်များတွင် အထူးနှင့် သာလွန်သော ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင်သည်။

အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်

၇၇။ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြလျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို စိစစ်ခွင့်ပြုနိုင်သည်။
စက်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများအတွက် ကင်းလွတ်ခွင့်
(က)ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း အမှန်တကယ်လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
ကုန်ကြမ်းပစ္စည်းများအတွက် ကင်းလွတ်ခွင့်
(ခ)ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက ပို့ကုန်ထုတ်လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများအပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်၊
ပြန်လည်တင်ပို့သော ကုန်ပစ္စည်းများအတွက် ကောက်ခဲ့သည့် အခွန် ပြန်ထုတ်ပေးခြင်း
(ဂ)ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများ၊ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခဲ့လျှင် တင်ပို့သည့်ကုန်ပစ္စည်း ပမာဏအတွက် ပြည်ပမှတင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်းအခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ်ပေးခွင့်၊
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ခြင်းနှင့် ကင်းလွတ်ခွင့်
(ဃ)ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပမာဏတိုးမြှင့်ပြီး မူလရင်းနှီးမြှုပ်နှံသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ်အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင်တန်ဆာပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသော တည်ဆောင်ရေးပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလျှင် စိစစ်ခွင့်ပြုပေးနိုင်ခြင်း

၇၈။ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့်ပြုနိုင်သည်။
(က)ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ရရှိသည့် အမြတ်ငွေကို အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြားအမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင်ဖြစ်စေ၊ တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
(ခ)ဝင်ငွေခွန်စည်းကြပ်ရန်အလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံး အခြားမတည်ပစ္စည်းများအပေါ်တွင် သတ်မှတ်အချိန်ကာလထက် လျော့နည်းသော ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းထားဖြင့် စီးပွားဖြစ်စတင်သောနှစ်မှ တွက်ချက်ခံစားခွင့်၊
(ဂ)နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်လိုအပ်၍ နိုင်ငံတော်အတွင်း ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကျန်ကျစရိတ်ကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နှုတ်ပယ်ခွင့်။

နိုင်ငံသားများနည်းတူ ရင်းနှီးမြှုပ်နှံသူများ ဝင်ငွေခွန်ပေးဆောင်ရခြင်း

၇၉။နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန်နှုန်းထားများအတိုင်း ဝင်ငွေခွန်ပေးဆောင်ရမည်။

သက်ဆိုင်ရာအခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း

၈၀။ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တွင် ပြဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှအပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

အထူးစီးပွားရေးဇုန်နှင့် မသက်ဆိုင်ခြင်း

၈၁။ပုဒ်မ ၇၅၊ ၇၇၊ ၇၈၊ ၈၀ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရင်းနှီးမြှုပ်နှံသူ၏ အာမခံထားရန်တာဝန်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အခန်း (၁၇)

၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထားရှိရမည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ၊ အခန်း (၂၂)

၂၁၂။ ခွင့်ပြုမိန့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းသဘာဝအပေါ်မူတည်၍ အောက်ပါ အာမခံအမျိုးအစားများအနက် သက်ဆိုင်သည့် အာမခံအမျိုးအစားကို နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် အာမခံထားရှိရမည်။

(က)ပစ္စည်းနှင့် စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းမှုအာမခံ
(ခ)အင်ဂျင်နီယာလုပ်ငန်းအာမခံ
(ဂ)အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ရှိမှုအာမခံ
(ဃ)ကိုယ်အင်္ဂါထိခိုင်မှုအာမခံ
(င)ရေကြောင်းအာမခံ
(စ)အလုပ်သမားလျော်ကြေးအာမခံ
(ဆ)အသက်အာမခံ
(ဈ)မီးအာမခံ

၂၁၃။ ဤနည်းဥပဒေသည် အခြားသက်ဆိုင်ရာ ဥပဒေအရ လိုအပ်သော အာမခံမူဝါဒကြောင့် အခြားအာမခံများထားရှိရမည့် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်အပေါ် ကန့်သတ်ခြင်းမရှိစေရ။

 

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (Workplace Coordination Committee - WCC)

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၁)
၂။(ဌ)စုပေါင်းသဘောတူညီချက် ဆိုသည်မှာ စုပေါင်းတောင်းဆို ဆွေးနွေးညှိနှိုင်းမှုအရ အလုပ်သမားများ၏ လုပ်ငန်းခွင်နှင့် အလုပ်လုပ်ကိုင်မှုအခြေအနေများ သတ်မှတ်ခြင်း၊ အလုပ်ရှင်များနှင့် အလုပ်သမားများ၊ ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြားတွင် ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ၏ တရားဝင်ရပ်တည်မှုကို အသိအမှတ်ပြု ဆောင်ရွက်ခြင်းနှင့် အလုပ်သမားများအတွက် လူမှုကာကွယ်စောင့်ရှောက်မှု အာမခံချက်များကို မြှင့်တင်ခြင်းတို့ အပါအဝင် အလုပ်လုပ်ကိုင်မှုဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဥ်း၍ စာဖြင့်ချုပ်ဆိုသည့် နှစ်ဖက်သဘောတူညီချက်ကို ဆိုသည်။
(တ)ညှိနှိုင်းရေးကောမတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို ဆိုသည်။
(ထ)ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို ဆိုသည်။

ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်အရေအတွက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၃။အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုခုတွင် စုပေါင်းသဘောတူညီချက်ကို ဆွေးနွေးရရှိနိုင်ရန် အလုပ်ရှင်သည် -
(က)အလုပ်သမားအဖွဲ့အစည်းရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁)အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းက အဆိုပြုသည့် အလုပ်သမားကိုယ်စားလှယ် သုံးဦးစီ
(၂)အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့် အရေအတွက်တူညီသည့် အလုပ်ရှင် ကိုယ်စားလှယ်များ
(ခ)အလုပ်သမားအဖွဲ့အစည်းမရှိလျှင် စုပေါင်းတောင်းဆိုဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးအတွက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း အောက်ပါအတိုင်း ဖွဲ့စည်းရမည်။
(၁)အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် သုံးဦး
(၂)အလုပ်ရှင်ကိုယ်စားလှယ် သုံးဦး
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း နည်းဥပဒေများကို ပြင်ဆင်ခြင်းမရှိသေးပါ။ ထို့ကြောင့် အချက်အလက်များ update မဖြစ်ပါ။ ဥပမာ ကိုယ်စားလှယ်ဦးရေမှာ ဥပဒေတွင် သုံးဦးစီဟု ပြင်ဆင်ပြီး ဖြစ်သော်လည်း ဤနည်းဥပဒေများတွင် နှစ်ဦးစီ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။
၄။ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်သမားကိုယ်စားလှယ် ဦးရေသည် -
(က)အလုပ်သမားအားလုံး အလုပ်သမားအဖွဲ့အစည်းဝင် ဖြစ်သည့်လုပ်ငန်း သို့မဟုတ် အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းနှင့် ယင်းရာခိုင်နှုန်းအောက်နည်းသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းတစ်ခုချင်းမှ ကိုယ်စားလှယ် နှစ်ဦးစီဖြစ်ရမည်။
(ခ)အလုပ်သမားစုစုပေါင်းဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်ပိုသော အလုပ်သမားအဖွဲ့အစည်းဝင်မဟုတ်သူများရှိသည့် လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားအဖွဲ့အစည်းအရေအတွက်နှင့် ယင်းအရေအတွက်အတိုင်း အလုပ်သမားအဖွဲ့အစည်းဝင် မဟုတ်သူများ၏ ကိုယ်စားလှယ်အရေအတွက်တို့၏ စုစုပေါင်းဖြစ်ရမည်။
(ဂ)အလုပ်သမားအဖွဲ့အစည်းမရှိသော လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းရှိ အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ် နှစ်ဦး ဖြစ်ရမည်။
၅။ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ရမည့် အလုပ်ရှင်ကိုယ်စားလှယ် ဦးရေသည် -
(က)အလုပ်သမားအဖွဲ့အစည်း ရှိသည့်လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းတွင် ပါဝင်ခွင့်ရှိသော အလုပ်သမားကိုယ်စားလှယ် ဦးရေအတိုင်း ဖြစ်ရမည်။
(ခ)အလုပ်သမားအဖွဲ့အစည်း မရှိသည့်လုပ်ငန်းဖြစ်ပါက နှစ်ဦးဖြစ်ရမည်။

ညှိနှိုင်းရေးကော်မတီဝင်၏ အရည်အချင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။
၃။ညှိနှိုင်းရေးကော်မတီဝင်သည် -
(က)အသက် ၂၁ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ)အလုပ်သမားကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် အမြဲတမ်းအလုပ်သမားဖြစ်ပြီး အနည်းဆုံး လုပ်သက်ခြောက်လရှိသူ ဖြစ်ရမည်။
(ဂ)အလုပ်ရှင်ကိုယ်စားလှယ်အတွက် သက်ဆိုင်ရာလုပ်ငန်းတွင် စီမံခန့်ခွဲရေး တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ရမည်။

ကိုယ်စားလှယ်နေရာ လစ်လပ်ပါက လိုအပ်သလို အစားထိုးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၄။(က)ပုဒ်မ ၃ အရ ဖွဲ့စည်းသည့် ညှိနှိုင်းရေးကော်မတီတွင် အလုပ်ရှင်ဘက်မှဖြစ်စေ၊ အလုပ်သမားဘက်မှဖြစ်စေ၊ ကိုယ်စားလှယ်လစ်လပ်ပါက သက်ဆိုင်ရာဘက်မှ လိုအပ်သလို ဖြည့်စွက်ရမည်။

ညှိနှိုင်းရေးကော်မတီ၏ သက်တမ်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ အခန်း (၂)
၄။(ခ)ညှိနှိုင်းရေးကော်မတီ၏ သက်တမ်းသည် နှစ်နှစ်ဖြစ်သည်။

ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကိုယ်စားလှယ်အမည်စာရင်းကို သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ အကြောင်းကြားရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများ၊ အခန်း (၂)
၂၀၁၉ တွင် ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ဤနည်းဥပဒေများကို မပြင်ဆင်ရသေးသည်ကို သတိပြုပါ။
၆။အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခုတွင် စုပေါင်းသဘောတူညီချက်ကို ညှိနှိုင်းနိုင်ရန် အလုပ်ရှင်သည် ညှိနှီုင်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ပုံစံ (၁) ဖြင့် ညှိနှိုင်းရေးကော်မတီဝင်များ၏ အမည်စာရင်းကို ပြုစု၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ ပေးပို့ရမည်။ ညှိနှိုင်းရေးကော်မတီဝင် အမည်စာရင်းပြောင်းလဲမှုရှိသည့်အခါ အထက်ပါအတိုင်း ပြင်ဆင်ပေးပို့ရမည်။

ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ရန်ကိစ္စများ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၅။ညှိနှုိင်းရေးကော်မတီသည် အလုပ်ရှင်နှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း အကြားတွင် ဆက်ဆံမှုကောင်းမွန်စေရေး၊ အလုပ်လုပ်ကိုင်မှုအခြေအနေ၊ စည်းကမ်းချက်များ ဆွေးနွေးညှိနှိုင်းရေးနှင့် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ရမည်။

တိုင်ကြားချက်ကို ၇ ရက်အတွင်း ဖြေရှင်းပေးရခြင်းနှင့် အစီရင်ခံစားပေးပို့ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၆။(က)အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်းဆိုချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။
(ခ)ညှိနှုိင်းရေးကော်မတီသည် ဆောင်ရွက်မှုအခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။

အလုပ်သမား ၃၀ ဦးမပြည့်သည့် လုပ်ငန်းတွင် နစ်နာချက်ဖြေရှင်းခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၇။အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။

တိုင်ကြားချက်ကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရာတွင် ပြေငြိမ်းမှုရလျှင် ဆောင်ရွက်ရန်နှင့် ပြေငြိမ်းမှုမရလျှင် ဆောင်ရွက်ရန်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့အရ ဆွေးနွေးညှိနှိုင်းရာတွင် -
(က)ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။
(ခ)ပြေငြိမ်းမှုမရရှိပါက အငြင်းပွားမှုနှင့် စပ်လျဥ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိလျှင် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။(ဂ)စုပေါင်းသဘောတူညီချက်ကို လိုက်နာမှုမရှိပါက နစ်နာသူသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

စုပေါင်းသဘောတူညီချက် သက်တမ်း တစ်နှစ်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၉။(ဃ)စုပေါင်းသဘောတူညီချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ရမည်။ အဆိုပါ သက်တမ်းကာလအတွင်း သဘောတူညီထားသည့်အချက်နှင့် စပ်လျဥ်း၍ ထပ်မံတောင်းဆိုခြင်းမပြုရ။

အလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် မပြုလုပ်ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၈။လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။

မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန် မပျက်ကွက်ရခြင်းနှင့် ပြစ်ဒဏ်များ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၃၈-က။မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမျှ ပုဒ်မ ၃ ပါ ပြဌာန်းချက်နှင့်အညီ ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် ပျက်ကွက်ခြင်း မရှိစေရ။ ထိုသို့ ဖွဲ့စည်းရန် ပျက်ကွက်ခြင်းကြောင့် သက်ဆိုင်ရာ တရားရုံးမှ ပြစ်မှုထင်ရှားစီရင်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းရန် ထပ်မံပျက်ကွက်ခြင်းမရှိစေရ။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၉)
၄၆။(ခ)မည်သည့်အလုပ်ရှင် သို့မဟုတ် အလုပ်သမားမဆို ပုဒ်မ ၃၈-က ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
၄၆-က။(ခ)ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ခ) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယင်းပြစ်မှုကို ထပ်မံကျူးလွန်သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ချမှတ်ရမည်။

ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိနေစဥ် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရခြင်းနှင့် ပြစ်ဒဏ်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၄၁။မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက်တစ်ခုခု အကျိုးသက်ရောက်မှု ရှိစဥ်ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရ။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၉)
၄၇။မည်သူမဆို ပုဒ်မ ၄၀၊ ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည်။
 

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။