My Neovim Setup

Neovim is a fork of aiming to improve the codebase, allowing for easier implementation of APIs, improved user experience and plugin implementation.

Setting up Neovim

This is my neovim setup of personal preference. The setup or configuration is all included in ~/.config/nvim/init.lua file. Except native user settings, the following plugins are installed:

  1. savq/paq-nvim plugin manager written in Lua.
  2. hrsh7th/nvim-cmp auto-completion.
  3. neovim/nvim-lspconfig language server protocol (LSP).
  4. L3MON4D3/LuaSnip snippet engine.
  5. rafamadriz/friendly-snippets snippets.
  6. nvim-treesitter/nvim-treesitter treesitter for better syntax highlighting colors.
  7. marko-cerovac/material.nvim material colorscheme.
  8. nvim-telescope/telescope.nvim telescope search tool.
  9. nvim-tree/nvim-tree.lua side bar file explorer.
  10. nvimdev/indentmini.nvim indent line.
  11. windwp/nvim-ts-autotag autoclose and autorename html tag.

The above plugins are not all plugins required because most of them require other plugins as dependencies. For example, nvim-cmp requires the followings:

Git Rebase

git rebase

 

In the following scenario, the safest option is using git pull --rebase or setting configuration by git config pull.rebase true.

Analysis of the scenario

  1. Current state on Remote:
    file aaa.txt exits and file bbb.txt does not exist yet.
  2. Current state on Local:
    file aaa.txt does not exist and file bbb.txt has been created.

In above scenario and local repository on the computer, git push will fail with the following message:

Controlling Running a Script

We often need to run our script avoiding certain situations like the followings.

  1. Avoiding running a script as ROOT.
  2. Avoiding running a script in background.
  3. Avoiding running a script if the script is already running.
  4. Avoiding unnecessary remains exist.

 

Avoiding running a script as ROOT

It is undesirable if a script was accidentally run as ROOT while the script is supposed to be run as normal user. To avoid this situation:

အထူးသက်ဆိုင်စေခြင်း

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၆)
အထူးသက်ဆိုင်စေခြင်း

ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အလုပ်များ

၅၂။အလုပ်ရုံတွင် လုပ်ရသည့်အလုပ်သည် အလုပ်သမားတို့၏ ကိုယ်အင်္ဂါကို ထိခိုက်နာကျင်စေမည့် သို့တည်းမဟုတ် အလုပ်သမားများကို အဆိပ်မိစေမည့် သို့တည်းမဟုတ် ရောဂါဖြစ်စေမည့် လက္ခဏာရှိသည့် အလုပ်ဖြစ်သည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ထင်မြင်သဘောရရှိလျှင် အလုပ်လုပ်နေသည့် အလုပ်ရုံတစ်ခုခုနှင့် သော်လည်းကောင်း၊ အလုပ်ရုံအမျိုးအစားတစ်ခုခုနှင့် သော်လည်းကောင်း၊ သက်ဆိုင်သည့် နည်းဥပဒေများကို ပြုနိုင်သည်။ ထိုနည်းဥပဒေများဖြင့် -
......

မတော်တဆထိခိုက်မှုများကို နို့တစ်စာပေးပို့ခြင်း

၅၃။အလုပ်ရုံတွင် မတော်တဆထိခိုက်၍ သေဆုံးလျှင်သော်လည်းကောင်း၊ ကိုယ်အင်္ဂါ ထိခိုက်နာကျင်ပြီးနောက် လေးဆယ့်ရှစ်နာရီမျှ၊ သို့တည်းမဟုတ် လေးဆယ့်ရှစ်နာရီထက်ပို၍ အလုပ်ရုံတွင် အလုပ်မလုပ်နိုင်လျှင် သော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ပြဌာန်းသတ်မှတ်ထားသည့် အမျိုးအစားဖြစ်သော မတော်တဆ ထိခိုက်မှုဖြစ်လျှင် သော်လည်းကောင်း၊ အလုပ်ရုံမန်နေဂျာသည် ဆိုခဲ့သည့်အတိုင်း မတော်တဆ ထိခိုက်သည့်အကြောင်းကို ပြဌာန်းသည့် ပုံစံဖြင့် နို့တစ်စာရေးသား၍ ပြဌာန်းသည့် အချိန်အတွင်း ပြဌာန်းသည့် အာဏာပိုင်တို့ထံ ပေးပို့ရမည်။

ရောဂါဖြစ်ပွားကြောင်းကို နို့တစ်စာပေးပို့ခြင်း

၅၄။(၁)အလုပ်ရုံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးဦးကို အလုပ်သမားလျော်ကြေး အက်ဥပဒေ၏ ဇယား ၃ တွင် သီးခြားဖော်ပြထားသည့် ရောဂါတစ်မျိုးမျိုး စွဲကပ်လျှင် ထိုသို့ စွဲကပ်ကြောင်းကို အလုပ်ရုံမန်နေဂျာက အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံသို့လည်းကောင်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် တာဝန်ခံထံသို့လည်းကောင်း၊ အလုပ်ရုံတည်ရှိရာ ခရိုင်အတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ် ထုတ်ပေးသည့် ဆရာဝန်ထံသို့ လည်းကောင်း၊ ပြဌာန်းပုံစံဖြင့် ပြဌာန်းသည့် အကြောင်းအရာများ ဖော်ပြလျက် ပြဌာန်းသည့် အချိန်အတွင်း နို့တစ်စာပေးပို့ရမည်။
......

မတော်တဆထိခိုက်မှုများနှင့် ရောဂါဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးရန် ဆင့်ဆိုနိုင်သည့် အာဏာ

၅၅။(၁)အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ...
......

နမူနာယူရန် အာဏာ

၅၆။(၁)အလုပ်ရုံတွင် အသုံးပြုသည့် သို့တည်းမဟုတ် အသုံးပြုရန် ကြံရွယ်သည့် မည်သည့် ပစ္စည်းမဆို -
......

အဆောက်အဦးတည်ဆောက်ခြင်းနှင့် အခြားအင်ဂျင်နီယာ အလုပ်များ

၅၇။(၁)...
......

ပင်လယ်ကူး သင်္ဘောကျင်း၊ ပင်လယ်ကူး သင်္ဘောတံတား၊ ပင်လယ်ကူး သင်္ဘောဆိပ်ခံတံတား၊ ကုန်လှောင်ရုံနှင့် သင်္ဘောများ

၅၇။(၁)...
......

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် သက်သာချောင်ချိရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၅)
သက်သာချောင်ချိရေး

ဖွပ်လျှော်ဆေးကြောရန် လွယ်ကူမှု အခွင့်အလမ်း

၄၄။(၁)အလုပ်ရုံတိုင်းတွင် -
(က)အလုပ်သမားများ ဖွပ်လျှော် ဆေးကြောနိုင်ရန် သင့်တော် လုံလောက်သော လွယ်ကူမှု အခွင့်အလမ်းများကို စီမံထားရှိရမည်။
(ခ)ထိုလွယ်ကူမှုအခွင့်အလမ်းများကို ယောက်ျားအလုပ်သမားများနှင့် မိန်းမအလုပ်သမားများ အတွက် သီးခြား၍ လုံလောက်စွာ ကာရံထားရမည်။
(ဂ)ထိုလွယ်ကူမှု အခွင့်အလမ်းများကို အလွယ်တကူ သွားလာဝင်ထွက်နိုင်အောင် စီမံ၍ သန့်ရှင်းစင်ကြယ်စွာ ထားရှိရမည်။
(၂)...

အဝတ်များထားရန်နှင့် လှန်းရန် အခွင့်အလမ်းများ

၄၅။...

အလွယ်တကူထိုင်ရန် အခွင့်အလမ်းများ

၄၆။(၁)အလုပ်ရုံတိုင်းတွင် မတ်တပ်အလုပ်လုပ်ကြသော အလုပ်သမားအားလုံးသည် မိမိတို့ အလုပ်လုပ်နေစဥ်အခါ နားခွင့်ကြုံက နားနိုင်ရန်အလို့ငှာ ထိုင်ရန် အခွင့်အလမ်းများကို သင့်တော်အောင် စီမံထားပေးရမည်။
......

သူနာပြုကိရိယာများ

၄၇။(၁)အလုပ်ရုံတိုင်းတွင် ပြဌာန်းသည့် ပစ္စည်းများ ထည့်ထားသော သူနာပြု ဆေးသေတ္တာ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံးကို အလုပ်ချိန်အတွင်း အလွယ်တကူ အသုံးပြုနိုင်ရန် စစ်ဆေးရေးအရာရှိက ညွှန်ကြားသည့် သင့်လျော်သောနေရာတွင် အလုပ်ရုံမန်နေဂျာက အသင့်စီမံထားရှိရမည်။ အလုပ်သမား တစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေလျှင် နောက်ထပ် အလုပ်သမား တစ်ရာအတွက် သို့တည်းမဟုတ် ထိုထက်နည်းသော နောက်ထပ် အလုပ်သမားများအတွက် နောက်ထပ် ဆေးသေတ္တာ သို့တည်းမဟုတ် ဆေးဘီရိုတစ်လုံး ထားရှိရမည်။
(၂)ပြဌာန်းထားသည့် ပစ္စည်းများမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် သူနာပြုဆေးသေတ္တာ၊ သို့တည်းမဟုတ် ဆေးဘီရိုတွင် မထားရ။ ထို့ပြင် ထိုသူနာပြု ဆေးသေတ္တာနှင့် ဆေးဘီရိုများကို သူနာပြုအတတ် တတ်မြောက်ပြီးသော တာဝန်ခံတစ်ယောက်၏ လက်အောက်တွင် ထားရှိရမည်။ ထိုသူသည် အလုပ်ချိန်တွင် အမြဲရှိရမည်။
(၃)အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင် ပြဌာန်းထားသည့် ပစ္စည်းများနှင့်တကွ ပြဌာန်းသည့် အကျယ်အဝန်းရှိသော သူနာပြုခန်း သို့တည်းမဟုတ် ဆေးပေးရုံတစ်ခု ထားရှိရမည်။ ထိုဆေးခန်းကို ပြဌာန်းထားသည့် ဆရာဝန်နှင့် သူနာပြုဆရာများက ကြီးကြပ်စီမံရမည်။

အလုပ်သမားများအတွက်ဆိုင်များ

၄၈။(၁)အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည် သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော သီခြားသတ်မှတ်ထားသည့် အလုပ်ရုံ၊ သို့တည်းမဟုတ် အလုပ်ရုံအမျိုးအစား တစ်ခုခုတွင် အလုပ်သမားများ ဝယ်ယူသုံးစွဲနိုင်ရန် အလို့ငှာ လုပ်ငန်းပိုင်ရှင်က လုံလောက်သော ဆိုင်တစ်ဆိုင် ထားရှိပေးရမည်ဟု ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။
......

နားနေခန်းများနှင့် စားသောက်ခန်းများ

၄၉။(၁)သာမန်အားဖြင့် အလုပ်သမား တစ်ရာထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်၊ အလုပ်သမားများ အသုံးပြုရန် သင့်တော်လုံလောက်သော နားနေခန်းများနှင့် အလုပ်သမားများ မိမိတို့ယူဆောင်လာသော အစာကို စားနိုင်ရန် သောက်ရေနှင့်တကွ သင့်တော်လုံလောက်သော စားသောက်ခန်း စီမံထားရှိရမည်။
...
......

ကလေးထိန်းခန်း

၅၀။(၁)မိခင်အလုပ်သမား ၁၀၀ ဦးနှင့်အထက်ရှိသော အလုပ်ရုံတွင် လုပ်ငန်းပိုင်ရှင်သည် ထိုမိခင်အလုပ်သမားများ၏ ငါးနှစ်အောက် ကလေးများအတွက် ကလေးထိန်းဌာနကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အကူအညီရယူဆောင်ရွက်ရမည်။ မိခင်အလုပ်သမား ၁၀၀ ဦးမပြည့်သည့် အလုပ်ရုံတွင် ယင်းတို့၏ ငါးနှစ်အောက် ကလေးများအတွက် လုပ်ငန်းပိုင်ရှင်က ကလေးထိန်းခန်းကို သင့်တော်သလို စီမံထားရှိရမည်။
......

ဤအခန်းကို ဖြည့်စွက်ရန် နည်းဥပဒေများ ပြုနိုင်သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အာဏာ

၅၁။(၁)...

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၄)
ဘေးရန်ကင်းရှင်းမှု

စက်ကိရိယာများကို ကာရံထားခြင်း

၂၃။(၁)အလုပ်ရုံတိုင်းတွင် အောက်ပါ စက်ကိရိယာများကို ထိုစက်ကိရိယာများ လည်နေစဥ် သို့တည်းမဟုတ် ...
......

လည်နေသော စက်ကိရိယာ၌ သို့တည်းမဟုတ် ထိုစက်ကိရိယာအနီး၌ အလုပ်လုပ်ခြင်း

၂၄။......
၂၄။(၂)မည်သည့်မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ စက်ကိရိယာ အစိတ်အပိုင်း လည်နေစဥ်၊ ထိုအစိတ်အပိုင်းကို တိုက်ချွတ်ရန်၊ စက်ဆီထည့်ရန်၊ သို့တည်းမဟုတ် နေရာတကျရှိအောင် ပြင်ဆင်ရန် သော်လည်းကောင်း၊ လည်နေသည့် စက်ကိရိယာ၏ လည်နေသော အစိတ်အပိုင်းစပ်ကြားတွင် သို့တည်းမဟုတ် ပုံသေတပ်ထားသည့် အစိတ်အပိုင်းနှင့် လည်နေသော အစိတ်အပိုင်း စပ်ကြားတွင် အလုပ်လုပ်ရန် သော်လည်းကောင်း ခွင့်မပြုရ။
......

ဘေးအန္တရာယ် ဖြစ်စေတတ်သော စက်ကိရိယာများ၌ လူငယ်များအား ခိုင်းစေခြင်း

၂၅။(၁)စက်နှင့်စပ်ဆိုင်သော ဘေးအန္တရာယ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်မှုများကို အစုံအလင် သိရှိနားလည်ပြီး ဖြစ်သည့်အပြင်
(က)စက်၌ လုပ်ရမည့်အလုပ်ကို လုံလောက်စွာ သင်ကြားတတ်မြောက်ပြီးဖြစ်သည့် လူငယ် သို့တည်းမဟုတ်
(ခ)စက်နှင့်စပ်လျဥ်း၍ ကောင်းစွာတတ်ကျွမ်းနားလည်ပြီး အလုပ်ရည်ဝသူတစ်ဦး၏ ကြီးကြပ်စီမံခြင်းကို ခံရသည့် လူငယ်
မှတပါး အခြားမည်သည့် လူငယ်မျှ၊ ဤပုဒ်မနှင့် သက်ဆိုင်သည့် စက်၌ အလုပ်မလုပ်ရ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။
......

အားဖြတ်တောက်ရန် ကိရိယာများ

၂၆။...

ရှေ့တိုးနောက်ငင်သွားသော စက်များ

၂၇။...

စက်ကိရိယာသစ်ကို အိမ်ဖွဲ့၍ ထားရှိခြင်း

၂၈။...

ဝါဖတ်စက် အနီးအနားတွင် မိန်းမများနှင့် ကလေးများ ခိုင်းစေခြင်းကို တားမြစ်ခြင်း

၂၉။ဝါဖတ်စက်လည်နေသော အလုပ်ရုံ အစိတ်အပိုင်း တစ်ခုခုတွင် မည်သည့် မိန်းမကိုမျှ သို့တည်းမဟုတ် မည်သည့်ကလေးကိုမျှ မခိုင်းစေရ။
...

မြှောက်စက်နှင့် ပင့်စက်များ

၃၀။(၁)...
......

ကရိန်းစက်နှင့် အခြားအလားတူ ပင့်မြှောက်စက်များ

၃၁။(၁)...
......

လည်သောစက်ကိရိယာ

၃၂။(၁)...
......

တိုးအားစက်

၃၃။(၁)...
......

ကြမ်းပြင်၊ သွားလမ်း၊ လှေကား၊ သွားလာစေနိုင်မည့်လမ်း

၃၄။အလုပ်ရုံတိုင်းတွင် ...
(က)...

တွင်းနှင့် ကြမ်းပေါက် စသည်များ

၃၅။(၁)...
......

အလွန်အမင်းလေးလံသောဝန်ချိန်

၃၆။(၁)အလုပ်ရုံတွင် မည်သည့် မိန်းမ၊ လူရွယ် သို့တည်းမဟုတ် ကလေးကိုမျှ လေးလံလွန်းသဖြင့် ထိခိုက်နာကျင်စေမည့် လက္ခဏာရှိသော ဝန်ချိန်ကို ပင့်ရန်၊ သယ်ယူရန်၊ သို့တည်းမဟုတ် ရွှေ့ပြောင်းရန် မခိုင်းစေရ။
(၂)အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်ရုံများတွင်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုတွင်ဖြစ်စေ၊ ပြုလုပ်မှုလုပ်ငန်းစဥ် တစ်ခုခုတွင်ဖြစ်စေ သာမန်အားဖြင့် လုပ်သူတို့ ပင့်ရမည့်၊ သယ်ယူရမည့် သို့တည်းမဟုတ် ရွှေ့ပြောင်းရမည့် အများဆုံးဝန်ချိန်ကို ပြဌာန်းသည့် နည်းဥပဒေများ ပြုနိုင်သည်။
(၃)အမျိုးသမီး အလုပ်သမားများအား မိန်းမသဘာဝ ဓမ္မတာလာစဥ် အချိန်မျိုးတွင် လုပ်ငန်းခွင်၌ ကျန်းမာရေးအရ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း မှတ်ပုံတင်ဆရာဝန်၏ ဆေးထောက်ခံချက်နှင့်တကွ တင်ပြလာပါက လုပ်ငန်းပိုင်ရှင်က သတ်မှတ်ချက်များနှင့်အညီ စီစဥ်ဆောင်ရွက်ပေးရမည်။
(၄)ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ညအချိန်တွင် စေခိုင်းခြင်းမပြုရ။ ထို့ပြင် မူလလုပ်ခလစာနှင့် ခံစားခွင့်ကို မထိခိုက်စေဘဲ ပေါ့ပါးသော တာဝန်များကိုသာ စေခိုင်းရမည်။

မျက်စိကိုကာကွယ်ခြင်း

၃၇။(၁)...
......

ဘေးအန္တရာယ်ဖြစ်စေတတ်သည့် အခိုင်းအငွေနှင့် စပ်လျဥ်းသည့် ကြိုတင်ကာကွယ်ချက်

၃၈။(၁)...
......

ပေါက်ကွဲစေတတ်သည့် သို့တည်းမဟုတ် မီးတောက်လောင်စေတတ်သည့် အခိုးအငွေ့ စသည်များ

၃၉။(၁)...
......

မီးလောက်လျှင် ဆောင်ရွက်ရမည့် စီမံချက်များ

၄၀။(၁)အလုပ်ရုံတိုင်းတွင် အကယ်၍ မီးလောက်လျှင် လွတ်မြောက်ရန် နည်းလမ်းများကို ပြဌာန်းသည့်အတိုင်း စီမံထားရှိရမည်။ ဤကဲ့သို့ စီမံထားခြင်းမရှိဟု စစ်ဆေးရေးအရာရှိက ထင်မြင်လျှင် စစ်ဆေးရေးအရာရှိသည် အလုပ်ရုံမန်နေဂျာထံသို့ အမိန့်ချအပ်၍ ထိုအမိန့်စာတွင် အလုပ်ရုံကို ဤပုဒ်မနှင့် လည်းကောင်း၊ ဤပုဒ်မအရ ပြုသည့် နည်းလမ်းများပါ ပြဌာန်းချက်များနှင့် လည်းကောင်း၊ ညီညွတ်စွာဆောင်ရွက်သင့်သည်ဟု မိမိထင်မြင်သော စီမံချက်များ ဖော်ပြ၍ အမိန့်စာတွင် ဖော်ပြသည့်နေ့ရက် မတိုင်မီ ထိုစီမံချက်များ ဖော်ပြ၍ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။
(၂)အလုပ်ရုံတိုင်းတွင် အခန်းတစ်ခုခုမှ ထွက်နိုင်သည့် တံခါးများကို အခန်းတွင်း၌ လူတစ်ဦးတစ်ယောက်ရှိနေစဥ် အတွင်းမှ ရုတ်တရက် အလွယ်တကူ မဖွင့်နိုင်အောင် သော့ခတ်ထားခြင်း သို့တည်းမဟုတ် ပိတ်ထားခြင်းမပြုရ။ ထိုတံခါးများသည် အံထိုးတံခါးမျိုးမဟုတ်လျှင် အပြင်ဖွင့်တံခါးများ ဖြစ်ရမည်။
(၃)အလုပ်ရုံတိုင်းတွင် သာမန်အသုံးပြုသည့် ထွက်ပေါက်များမှလွဲ၍ မီးလောက်လျှင် ထွက်နိုင်သည့် ပြူတင်းပေါက်၊ တံခါး သို့တည်းမဟုတ် အခြားထွက်ပေါက်အသီးသီးတွင် အလုပ်သမားများ နားလည်သည့်စာဖြင့် ထင်ရှားစွာရေးထားသော အနီရောက်စာလုံးများနှင့်ဖြစ်စေ၊ အခြားကောင်းစွာသိသာနိုင်သည့် အမှတ်အသားနှင့်ဖြစ်စေ ထင်ရှားစွာ မှတ်သားထားရမည်။
(၄)မီးလောက်လျှင် အလုပ်ရုံတွင် ခိုင်းစေခံရသူတိုင်း ကောင်းစွာကြားသိနိုင်အောင် အချက်ပေးကိရိယာများကို အလုပ်ရုံတိုင်းတွင် တပ်ဆင်ထားရမည်။
(၅)မီးလောက်လျှင် ထွက်ပေါက်များသို့ အလွယ်တကူ သွားနိုင်သည့်လမ်းကို အလုပ်ရုံအခန်းအသီးသီးရှိ အလုပ်သမားအားလုံး အသုံးပြုနိုင်ရန် ရှင်းလင်းထားရှိရမည်။
(၆)
(က)အောက်ဆုံးထက်၏ မည်သည့်နေရာတွင်မဆို အလုပ်သမား နှစ်ဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံအသီးသီး၌ ဖြစ်စေ၊
(ခ)ပေါက်ကွဲစေတတ်သည့် သို့တည်းမဟုတ် မီးအလွန် တောက်လောင်စေတတ်သည့် ပစ္စည်းသိုလှောင်ထားသော သို့တည်းမဟုတ် အသုံးပြုသော အလုပ်ရုံအသီးသီးတွင်ဖြစ်စေ
မီးလောက်လျှင် အသုံးပြုနိုင်သည့် ထွက်ပေါက်များကို အလုပ်သမားအားလုံး သိနေစေရန် လည်းကောင်း၊ မီလောင်လျှင် ထိုသူတို့ မီးဘေးမှ လွတ်မြောက်အောင် လိုက်နာရမည့် နည်းလမ်းကို ကောင်းစွာသင်ကြားပေးရန် လည်းကောင်း၊ ထိရောက်စွာ စီမံဆောင်ရွက်ရမည်။
(၇)အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနသည် အလုပ်ရုံ တစ်ခုခုနှင့်ဖြစ်စေ၊ အလုပ်ရုံအမျိုးအစား တစ်ခုခုနှင့်ဖြစ်စေ၊ စပ်လျဥ်း၍ မီးလောင်လျှင် အသုံးပြုရန် စီမံထားရှိရမည့် ထွက်ပေါက်များနှင့်တကွ မီးသတ်ကိရိယာ အမျိုးအစားနှင့် အရေအတွက်ကို ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

ချို့ယွင်းသော အစိတ်အပိုင်းများကို သီးခြားဖော်ပြရန်ဖြစ်စေ၊ ခိုင်မခိုင် စမ်းသပ်ခြင်းပြုရန်ဖြစ်စေ ဆင့်ဆိုနိုင်သည့် အာဏာ

၄၁။...

အဆောက်အဦးများနှင့် စက်ကိရိယာများ ဘေးရန်ကင်းရှင်းမှု

၄၂။...

ဤအခန်းကို နောက်ဆက်တွဲဖြည့်စွက်ရန် နိုင်ငံတော်သမ္မတက နည်းဥပဒေများ ပြုနိုင်သည့်အာဏာ

၄၃။...
၄၃-က။အလုပ်ရုံများတွင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှုများကို လျော့နည်းပပျောက်စေရန် အလို့ငှာ လုပ်ငန်းပိုင်ရှင်သည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံ၊ ကြီးကြပ်သူများနှင့် အလုပ်သမားများအား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းများကို တက်ရောက်စေရမည်။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်ငန်းခွင် ကျန်းမာရေး

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ

အခန်း (၃)
ကျန်းမာရေး

သန့်ရှင်းစင်ကြယ်မှု

၁၃။(၁)အလုပ်ရုံတိုင်း၊ အလုပ်ရုံဝန်းတိုင်းကို သန့်ရှင်းစင်ကြယ်စွာ ထားရမည့်အပြင် ရေမြောင်းမှ သို့တည်းမဟုတ် ကျင်ကြီးကျင်ငယ်စွန့်ရန်နေရာမှ သို့တည်းမဟုတ် အခြားနံစော်သည့်အရာမှ ထွက်သည့် အနံ့နှင့်လည်း ကင်းစေရမည်။ ထို့ပြင် အထူးအဖြင့်
(က)ကြမ်းပြင်များနှင့် အလုပ်ခုံများ၊ လှေကားများနှင့် လမ်းများတွင် တင်ရှိနေသော အညစ်အကြေး အမှိုက်သရိုက် စသည်များကို တံမြက်စည်းဖြင့် သော်လည်းကောင်း၊ အခြားထိရောက်သော နည်းလမ်းဖြင့် သော်လည်းကောင်း၊ နေ့စဥ်လှည်းကျင်း၍ သင့်တော်သော နည်းလမ်းဖြင့် စွန့်ပစ်ရမည်။
(ခ)အလုပ်ခန်းတိုင်း၏ ကြမ်းပြင်ကို ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်ကျ ဆေးကြောရမည်။ အကယ်၍ အနံ့ပျောက်ဆေးထည့်၍ ဆေးကြောရန်လိုလျှင် ထည့်၍ ဆေးကြောရမည် သို့တည်းမဟုတ် အခြားထိရောက်သော နည်းလမ်းဖြင့် သန့်ရှင်းစင်ကြယ်အောင် ပြုရမည်။
......

စွန့်ပစ်ပစ္စည်းများနှင့် ယိုစီးသည့်အရာများအား သုတ်သင်ရှင်းလင်းခြင်း

၁၄။(၁)အလုပ်ရုံတိုင်းတွင် ပြုလုပ်မှုလုပ်ငန်းစဥ်အရ စွန့်ပစ်ပစ္စည်းများ၊ ယိုစီးသည့်အရာများနှင့် အခိုးအငွေ့များ၊ အမှုန်အမွှားများ၊ အနံ့အသက်များကို ရှင်းလင်းသန့်စင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုင်မှုမရှိစေရန် စီမံဆောင်ရွက်ထားရမည်။
......

လေဝင်လေထွက်ရရှိအောင်နှင့် အပူအအေးမျှတအောင် ပြုခြင်း

၁၅။(၁)အလုပ်ရုံ၏ အလုပ်ခန်းတိုင်းတွင် လေကောင်းလေသန့် လုံလောက်စွာ ရရှိရန်နှင့် အလုပ်သမားတို့ နေသာချောင်ချိရေးနှင့် ကျန်းမာရေးအတွက် အပူအအေးမျှတရန် သင့်တော်လုံလောက်သော စီမံချက်များ ပြုပေးရမည်။ အထူးသဖြင့် ...
......

အမှုန်နှင့် အခိုးအငွေ့များ

၁၆။(၁)အလုပ်ရုံတွင် လုပ်နေသော ပြုလုပ်မှုလုပ်ငန်းစဥ်နှင့် စပ်လျဥ်း၍ ...
......

လေကိုစိုထိုင်းစေခြင်း

၁၇။(၁)လေကို ပိုမိုစိုထိုင်းအောင် ဖန်တီးရသည့် အလုပ်ရုံအားလုံးတွင် ...
......

လူထူထပ်ခြင်း

၁၈။(၁)အလုပ်ရုံရှိ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားများ၏ ကျန်းမာရေး ထိခိုက်နိုင်လောက်အောင် လူထူထပ်ခြင်း မရှိစေရ။
(၂)ပုဒ်မခွဲ (၁) တွင် မည်သို့ပင်ပြဌာန်းထားစေကာမူ အခန်းတွင် ခိုင်းစေခံရသူ အလုပ်သမားအသီးသီးအတွက် ကုဗအကျယ်အဝန်းသည် ကုဗပေ ငါးရာအောက် မနည်းစေရ၊ ကုဗအကျယ်အဝန်းတွက်စစ်ရန် အလို့ငှာ ကြမ်းပြင်မှ ဆယ့်လေးပေအထက်မြင့်သော အကျယ်အဝန်းကို ထည့်သွင်းခြင်းမပြုရ။
......

အလင်းရောက်ရစေခြင်း

၁၉။(၁)အလုပ်သမားများ အလုပ်လုပ်နေသော ...
......

သောက်ရေ

၂၀။(၁)အလုပ်ရုံတိုင်းတွင် သင့်တော်၍ အသွားအလာ လွယ်ကူသော နေရာများ၌ အလုပ်သမားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သောက်ရေကို လုံလောက်စွာ ထားရှိရန် ထိရောက်စွာ စီမံဆောင်ရွက်ပေးရမည်။
(၂)ရေထားပေးသော နေရာအားလုံးကို ပီသသောစာလုံးများဖြင့် "သောက်ရေ" ဟု ရေးမှတ်ထားရမည့်အပြင် ထိုနေရာကို အဝတ်လျှော်ဖွတ်ရာနေရာ၊ အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာမှ ပေနှစ်ဆယ်အတွင်း မထားရှိစေရ။
......

အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ

၂၁။(၁)အလုပ်ရုံတိုင်းတွင် --
(က)အလုပ်သမားများ အချိန်မရွေး လွယ်ကူစွာ သွားလာနိုင်သည့် နေရာများ၌ အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို သတ်မှတ်သော ပုံစံအတိုင်း လုံလောက်စွာ ထားရှိရမည်။
(ခ)မိန်းမအလုပ်သမားများအတွက် အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို ယောက်ျားအလုပ်သမားများအတွက် ထားရှိသော အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများမှ သီးခြားစီမံထားပေးရမည်။
(ဂ)ထိုအိမ်သာများ၏ အဝင်ဝတွင် "ယောက်ျား" သို့တည်းမဟုတ် "မိန်းမ" ဟု သက်ဆိုင်ရာစာတမ်းကိုဖြစ်စေ၊ အမှတ်အသားကိုဖြစ်စေ ထင်ရှားအောင် ကပ်ထားရမည်။
(ဃ)အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို အလင်းရောင်နှင့် လေလုံလောက်စွာရရှိအောင် စီမံထားရှိရမည်။ မည်သည့်အိမ်သာ သို့တည်းမဟုတ် ကျင်ငယ်စွန့်ရန်နေရာကိုမျှ ကြားနေရာလပ် သို့တည်းမဟုတ် လေဝင်လေထွက်နိုင်သောလမ်း မရှိဘဲ အလုပ်ခန်းနှင့် ဆက်သွယ်၍မထားရ။
(င)အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများကို မည်သည့်အချိန်တွင်မဆို သန့်ရှင်းစင်ကြယ်၍ ကျန်းမာရေးနှင့် ညီညွတ်သော အခြေအနေတွင် ထားရှိရမည်။
(စ)တံမြက်လှည်းသူ လုံလောက်စွာ ထားရှိရမည်။ ထိုတံမြက်လည်းသူ၏ အဓိက အလုပ်ဝတ္တရားမှာ အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများနှင့် လျှော်ဖွတ်ရန်နေရာများကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန်ပင်ဖြစ်သည်။
(၂)သာမန်အားဖြင့် အလုပ်သမား နှစ်ရာ့ငါးဆယ်ထက်ပို၍ ခိုင်းစေသော အလုပ်ရုံတိုင်းတွင်
(က)သန့်ရှင်းစင်ရေးနှင့် ညီညွတ်သည်ဟု သတ်မှတ်ထားသော ပုံစံအတိုင်း အိမ်သာများနှင့် ကျင်ငယ်စွန့်ရန်နေရာများ စီမံထားရှိရမည်။
(ခ)အိမ်သာများ၊ ကျင်ငယ်စွန့်ရန်နေရာများ စသည့် သန့်ရှင်းစင်ကြယ်ရေးနှင့် ဆိုင်သော အဆောက်အဦးများ၏ ကြမ်းပြင်များနှင့် ထိုကြမ်းပြင်များမှ သုံးပေအမြင့်အထိ နံရံများကို ကြွေရည်သုတ် ကျောက်ပြား သို့တည်းမဟုတ် ချောမွေ့လျက် ရေစိမ့်မဝင်နိုင်သော အခြားပစ္စည်းများဖြင့် စီမံထားရှိရမည်။
(ဂ)ပုဒ်မခွဲ (၁)၊ အပိုဒ် (င) နှင့် (စ) ပါပြဌာန်းချက်များကို မထိခိုက်စေဘဲ ယင်းကဲ့သို့ စီမံပြုလုပ်ပြီးသည့် ကြမ်းပြင်နှင့် နံရံအစိတ်အပိုင်းကို လည်းကောင်း၊ ကျင်ကြီးကျင်ငယ် ခံခွက်များကို လည်းကောင်း၊ ရောဂါကင်းစေသည့် ဆေးကိုဖြစ်စေ၊ အနံ့ပျောက်ဆေးကိုဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ အသုံးပြုနေ၍ နေ့စဥ် သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားရမည်။
......

တံတွေးထွေးရန်ခွက်နှင့် အမှိုက်ပုံများ

၂၂။(၁)အလုပ်ရုံတိုင်းတွင် သင့်တော်သော နေရာတိုင်း၌ ...
......

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အများပြည်သူ အလုပ်ပိတ်ရက်

အဓိပ္ပါယ်ဖွင့်ဆိုချက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၂။(၈)အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်တို့ကို ဆိုသည်။
ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ဋ)အများပြည်သူ အလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူ အလုပ်ပိတ်ရက်များကို ဆိုသည်။

အများပြည်သူ အလုပ်ပိတ်ရက် ခွင့်ပြုရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၃။(၁)အလုပ်ရှင်က မိမိ၏ အလုပ်သမားအသီးသီးအား သက်ဆိုင်ရာရာ အခကြေးငွေ သို့တည်းမဟုတ် လစာငွေအပြည့်နှင့် အောက်ပါနေ့များကို အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်ဖြင့် ခွင့်ပြုရမည်။
ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူ အလုပ်ပိတ်ရက်များ။

ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်နေလျှင် အခြားနေ့တစ်နေ့သို့ ပြောင်းလဲသတ်မှတ်ခွင့်မရှိခြင်းနှင့် အလုပ်လုပ်ရလျှင် အချိန်ပိုကြေးပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၃။(၂)အများပြည်သူ အလုပ်ပိတ်ရက်တစ်ရက်သည် ရက်သတ္တပတ် အလုပ်ပိတ်ရက်နှင့်ဖြစ်စေ၊ အခြားအများပြည်သူ အလုပ်ပိတ်ရက်နှင့်ဖြစ်စေ တိုက်ဆိုင်နေလျှင် အခြားနေ့တစ်နေ့ကို အများပြည်သူ အလုပ်ပိတ်ရက် အဖြစ်ဖြင့် ပြောင်းလဲ၍ခွင့်မပြုရ။ ထိုသို့ တိုက်ဆိုင်သည့် အလုပ်ပိတ်ရက်ကို အများပြည်သူ အလုပ်ပိတ်ရက် ဖြစ်သည်ဟု ယူဆရမည်။ သို့ရာတွင် အလုပ်သမားသည် အလုပ်လုပ်ရလျှင် ထိုအလုပ်သမားအား သက်ဆိုင်ရာရာ အခြေခံအခကြေးငွေကိုသော်လည်းကောင်း၊ အခြေခံလစာငွေကိုသော်လည်းကောင်း၊ ထိုနေ့အတွက် ပေးမြဲနှုန်း၏ နှစ်ဆရထိုက်စေရမည့်အပြင် ရှားပါးစရိတ်ရနေလျှင် ထိုနေ့အတွက် ပေးမြဲနှုန်းအတိုင်း ရှားပါးစရိတ်ကိုလည်း ရထိုက်စေရမည်။

ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အလုပ်သမားများအတွက် ပိတ်ရက်

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၃။(၃)ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အလုပ်သမားများအတွက် ထိုအလုပ်သမားများနှင့် အလုပ်ရှင်များ အချင်းချင်း သဘောတူညီချက်အတိုင်း သက်ဆိုင်ရာရာ ဘာသာရေး အခါကြီးရက်ကြီးများကို လစာမရှိ အလုပ်ပိတ်ရက်အဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။

အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် ခွင့်ပြုပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၃။(၄)အလုပ်ရှင်သည် အလုပ်သမားများအတွက် ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံးတစ်ရက်ကို အခကြေးငွေ သို့မဟုတ် လစာငွေအပြည့်ဖြင့် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်၍ ခွင့်ပြုပေးရမည်။

နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများ သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြင်လျှင် အခကြေးငွေ ခံစားခွင့်ရှိခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၆။နေ့စားနှင့် ပုတ်ပြတ်အလုပ်သမားများသည် အများပြည်သူ အလုပ်ပိတ်ရက်အပါအဝင် သက်ဆိုင်ရာဥပဒေအရ ရက်သတ္တပတ် သတ်မှတ်အလုပ်ချိန်ပြည့်အောင် လုပ်ခဲ့ပြီးဖြင်လျှင် အများပြည်သူ အလုပ်ပိတ်ရက်ကို သတ်ဆိုင်ရာရာ အခကြေးငွေဖြင့် ခံစားခွင့်ရှိသည်။

အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၇။အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမား၏ ဆန္ဒကို ရယူပြိး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို့ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်။ ခွင့်ပြုချက်ရမှသာ အလုပ်ခိုင်းစေရမည်။
၁၈။အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်စေရန် ကြံရွယ်ကြောင်းကို အနည်းဆုံး ၂၄ နာရီ ကြိုတင်၍ စစ်ဆေးရေးအရာရှိထံသို့ ကြိုတင်အကြောင်းကြားပြီး ဖြစ်ရမည့်အပြင် အလုပ်ဌာန၌လည်း အလုပ်သမားများ မြင်သာအောင် ကပ်ထားရမည်။

အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာ အခကြေးငွေ တွက်ချက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၁၉။အများပြည်သူ အလုပ်ပိတ်ရက်အတွက် အခြေခံလစာငွေ သို့မဟုတ် သက်ဆိုင်ရာရာ အခကြေးငွေကို တွက်ချက်ရာတွင် လစားအလုပ်သမားများအတွက် တစ်လစာ၏ ၃၀ ပုံ ၁ ပုံနှင့် ညီမျှသော အခကြေးငွေဖြင့် လည်းကောင်း၊ နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့အတွက် လုပ်ခနှုန်းထားဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် အများပြည်သူ အလုပ်ပိတ်ရက်မတိုင်မီ ခုနှစ်ရက်အတွင်း ရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ဖြင့် စား၍ရရှိသော ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

တစ်ရက် သတ်မှတ်အလုပ်ချိန် ပြည့်အောင် ခိုင်းစေခြင်းမရှိသည့်တိုင် နှစ်ဆပေးရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၀။အလုပ်ရှင်သည် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက် သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေခြင်းမရှိဘဲ အချိန်ပိုင်းမျှသာ ခိုင်းစေသော်လည်း လုပ်ခကို ဥပဒေပါပြဌာန်းချက်အတိုင်း သက်ဆိုင်ရာရာ အခြေခံ အခကြေးငွေကို သော်လည်းကောင်း၊ အခြေခံလစာငွေကို သော်လည်းကောင်း ပေးမြဲနှုန်း၏ နှစ်ဆပေးချေရမည်။

တစ်ရက် သတ်မှတ်အလုပ်ချိန် ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအား နှစ်ဆပေးရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၁။အလုပ်ရှင်သည် အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်သမားအား အလုပ်ခိုင်းစေရာ၌ တစ်ရက် သတ်မှတ်အလုပ်ချိန်ပြည့်အောင် ခိုင်းစေသည့်ကိစ္စတွင် ပုတ်ပြတ်အလုပ်သမားများအတွက် ထိုနေ့ရရှိသည့် ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသော လုပ်ခ၏ နှစ်ဆကို ပေးချေရမည်။

ရှေ့ပိတ်၊ နောက်ပိတ် ခွင့်ယူခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂၂။အလုပ်သမားသည် အများပြည်သူ အလုပ်ပိတ်ရက် ကုန်ဆုံးပြီးနောက်တစ်ရက်မှ စတင်၍ ခွင့်တစ်မျိုးမျိုးခံစားလျှင် သို့မဟုတ် ခွင့်ရက်ကုန်ဆုံးပြီးနောက်ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်နှင့် အကျုံးဝင်သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် အများပြည်သူ အလုပ်ပိတ်ရက်မတိုင်မီက စတင်ပြီး အများပြည်သူ အလုပ်ပိတ်ရက် ကုန်ဆုံးပြီးသည့်နောက်တစ်ရက် အပါအဝင်အထိ ခွင့်ခံစားခြင်းဖြစ်လျှင် အဆိုပါ အများပြည်သူအလုပ်ပိတ်ရက်ကို ခွင့်ရက်အဖြစ် အကျုံးဝင်သက်ဆိုင်စေရမည်။ ထိုအများပြည်သူ အလုပ်ပိတ်ရက်ကို အခြားတစ်ရက်သို့ ပြောင်းလဲတောင်းခံခြင်း မပြုရ။