Reset Local Repo to Match Remote Repo Exactly

At any point, you may want to completely reset your local project so it matches the remote repo exactly (discarding any local changes, extra files, etc.).

Here are the safe ways depending on how “hard” a reset you need:

Option 1: Reset branch to remote (keeps untracked files)

bash
git fetch --all
git reset --hard origin/main
  • Discards local commits
  • Resets all tracked files to the remote state
  • Leaves untracked files (stuff Git doesn’t know about) in your working directory

Option 2: Reset branch and also delete untracked files

bash
git fetch --all
git reset --hard origin/main
git clean -fd
  • -f means force
  • -d means removing untracked directories too
  • After this, your working directory (local project repo) matches to the remote repo exactly.

Option 3: Really start fresh (nuke & re-clone)

bash
cd ..
rm -rf your-project-folder
git clone https://github.com/your-username/your-repo.git
cd your-repo
  • Above is simplest and cleanest
  • This guarantees no leftover files or configs
  • Useful if you’ve had a lot of messy local changes

origin/main vs origin main

origin/main is a ref name (a branch), single argument.

Astro Blog Build

This is personal record for building a blog site using Astro web framework with Cloudflare integration. Consult with this pages: https://docs.astro.build/ and https://codeberg.org/minsoehan/cloudflare-astro-blog-sample for more details.

Create Cloudflare Worker with Astro Framework

terminal command
npm create cloudflare@latest -- project-name --framework=astro

When you run this command, C3 creates a new project directory, initiates Astro’s official setup tool, select empty template there, and configures the project for Cloudflare. It then offers the option to instantly deploy your application to Cloudflare.

CSS overflow-wrap: break-word

When designing for the web, one small but important detail is how browsers handle very long words or strings of text. On mobile screens especially, an unbroken word can stretch beyond the viewport and cause horizontal scrolling — something no user enjoys.

The modern solution is simple: add this to your stylesheet:

~
body {
  overflow-wrap: break-word;
}

With this rule in place, the browser can gracefully break long words when needed, ensuring text always stays inside the screen width.

Submit Data to Google Form via Custom Html Form

Disclaimer: This post is written purely for educational and exploratory purposes, and as a personal technical record. The method described — submitting data to Google Forms via a custom HTML form — is not officially supported by Google, may stop working without notice, and should not be relied on for production use or sensitive data collection. I do not encourage or endorse misuse, automation of fake submissions, or attempts to bypass login-restricted forms. Please use responsibly and at your own discretion.

အများပြည်သူ အလုပ်ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ

မြန်မာနိုင်ငံ အလုပ်သမား ဥပဒေအရ ရက်သတ္တပတ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်သမားများအား လုပ်ခလစာဖြင့် အနားပေးရသည်။ အများပြည်သူ အလုပ်ပိတ်ရက်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေငြာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ထုတ်ပြန်ကြေငြာသော အများပြည်သူအလုပ်ပိတ်ရက် တချို့သည် တစ်ခါတစ်ရံ ရက်သတ္တပတ်ပိတ်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေတတ်သည်။ ယင်းသို့ ကျရောက်သည့်အခါ “ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅” အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးသည်များ ရှိခဲ့သည်။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အပေါ် တိုက်ဆိုင်ကျရောက်နေသော အများပြည်သူအလုပ်ပိတ်ရက်ကို အခြားအလုပ်လုပ်ရက်တစ်ရက်အပေါ်သို့ ပြောင်းလဲ သတ်မှတ်ပေးခြင်း ဖြစ်သည်။

သို့သော် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရမူ ထိုသို့တိုက်ဆိုင် ကျရောက်လျှင် အခြားနေ့တစ်နေ့သို့ လွှဲပြောင်းခွင့်ပြုရန် မလိုပါ။
https://minsoehan.com/legal/labor-laws/public-holiday/#coincidence-and-ot

မည်သို့ပင်ဖြစ်စေ “ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ” ကို လေ့လာစရာ ဖြစ်ပါသည်။ ဤဥပဒေသည် ၁၈၈၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ရက်စွဲတတ်ထားသော အိန္ဒိယအက်ဥပဒေတစ်ခုဖြစ်သည့် The Negotiable Instrument Act ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

Taxi Services in Yangon

ရန်ကုန်မှာ တက္ကစီငှားဖို့ဆိုရင် -

  • လမ်းမှာသွားနေတဲ့ တက္ကစီကားကို လက်တားငှား
  • အသိတက္ကစီသမားတစ်ယောက်ယောက်ကို ဖုန်းဆက်ငှား
  • Taxi stand မှာ သွားငှား
  • Grab နဲ့ ငှား
  • Kilo Taxi Group ရဲ့
    • 09750207002
    • 09750207003
    • 09750207004
      ဖုန်းနံပါတ်တွေထဲက တစ်ခုခုကို ဖုန်းဆက်ငှား

တဲ့ နည်းတွေထဲက တစ်ခုခုကို သုံးရမယ်။ ပထမ ၃ နည်းက အရင်ကတည်းက ရှိခဲ့တာ။ Grab နဲ့ Kilo ကတော့ နောက်မှ ပေါ်လာတာ။ Grab နဲ့ Kilo မှာဆိုရင် Grab ကအရင်၊ Kilo က နောက်။

minsoehan website image

Grab website: https://www.grab.com/mm/

minsoehan website image

Kilo website: ~

Review: Kilo တက္ကစီငှားဖို့ ရောက်တဲ့နေရာကနေ ဖုန်းဆက်။ နေရာတွေကို အကြမ်းပဲ ပြောဖို့လိုတယ်။ Grab မှာလို သွားချင်တဲ့နေရာ Location point လိုက်ရှာနေရတဲ့ ဒုက္ခမရှိ။ တက္ကစီကားလာမှ ကားဆရာကို သွားချင်တဲ့နေရာ အတိအကျ ပြောလိုက်။ သွားချင်တဲ့နေရာသွား၊ ကျသလောက်ရှင်း။ သွားတဲ့ ခရီးအကွာအဝေးကို ကီလိုမီတာ (Kilometer) နဲ့တွက်ပြီး ရှင်းရတယ်။ 1 Kilometer အတွက် ကျသင့်ငွေဈေးနှုန်းများ -

Turning Google Sheets into a Simple JSON API with Google Apps Script

Google Sheets isn’t just for storing data—it can also act as a lightweight database for your projects. With a few lines of Google Apps Script, you can transform your spreadsheet into a JSON API that any web app, static site, or script can consume.

In this post, we’ll walk through a script that reads a Google Sheet and serves its content as JSON.

Why Use Google Sheets as a JSON API?

  • No extra server required: Everything runs inside Google Apps Script, hosted by Google.
  • Friendly interface: Non-technical users can update the data directly in Google Sheets.
  • Free & fast: For small projects, it’s cost-effective and quick to set up.
  • Integration ready: Your frontend or external services can fetch structured data via a simple endpoint.

The Code

Here’s the complete Google Apps Script function:

အလုပ်ပိတ်ခြင်းနှင့် သပိတ်မှောက်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ
၂။(ဇ)အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သောနေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေ
၂။(စ)အလုပ်ပိတ်ခြင်း ဆိုသည်မှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့် အခြေအနေ၌ အလုပ်ရှင်က လုပ်ငန်းတစ်ခုခု၏ အလုပ်လုပ်သောနေရာကို ယာယီပိတ်ခြင်း၊ အလုပ်ကို ခေတ္တရပ်ဆိုင်းထားခြင်း သို့မဟုတ် အလုပ်ခွင်ရှိ အလုပ်သမားများအား ဆက်လက်အလုပ်လုပ်ခွင့်မပြုခြင်းကို ဆိုသည်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ
၂။(ဈ)သပိတ်မှောက်ခြင်း ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့်အခြေအနေ၌ လူမှုရေး သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဥ်း၍ အလုပ်သမားအချို့ကဖြစ်စေ၊ အားလုံးကဖြစ်စေ၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် အလုပ်သမား အဖွဲ့အစည်းများကဖြစ်စေ ဆုံးဖြတ်၍ အလုပ်ရပ်ဆိုင်းခြင်း၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ၊ အလုပ်ဆက်လက် လုပ်ကိုင်ရန်ဖြစ်စေ ငြင်းဆန်ခြင်း၊ အလုပ်နှောင့်နှေးစေရန်ပြုလုပ်ခြင်း သို့မဟုတ် အလုပ်သမားအများစု သဘောတူညီချက်ဖြင့် ထုတ်လုပ်မှုကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ ထိခိုက်ကျဆင်းစေသည့် စုပေါင်း လုပ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သမားများ၏ အသက် သို့မဟုတ် ကျန်းမာရေးအပေါ် ရုတ်တရက် ပြင်းထန်စွာ အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာ ယုံကြည်သည့် အကြောင်းကြောင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားနိုင်သော အခွင့်အရေးကို ကျင့်သုံးခြင်း မပါဝင်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေ
၂။(ဆ)သပိတ်မှောက်ခြင်း ဆိုသည်မှာ အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုတစ်ခုခုတွင် ညှိနှိုင်း၍ မရနိုင်သည့်အခြေအနေ၌ လူမှုရေး သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ ကိစ္စများနှင့် စပ်လျဥ်း၍ အလုပ်သမားအချို့ကဖြစ်စေ၊ အားလုံးကဖြစ်စေ၊ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် အလုပ်သမား အဖွဲ့အစည်းများကဖြစ်စေ ဆုံးဖြတ်၍ အလုပ်ရပ်ဆိုင်းခြင်း၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ၊ အလုပ်ဆက်လက် လုပ်ကိုင်ရန်ဖြစ်စေ ငြင်းဆန်ခြင်း၊ အလုပ်နှောင့်နှေးစေရန်ပြုလုပ်ခြင်း သို့မဟုတ် အလုပ်သမားအများစု သဘောတူညီချက်ဖြင့် ထုတ်လုပ်မှုကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ ထိခိုက်ကျဆင်းစေသည့် စုပေါင်း လုပ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် အလုပ်သမားများ၏ အသက် သို့မဟုတ် ကျန်းမာရေးအပေါ် ရုတ်တရက် ပြင်းထန်စွာ အန္တရာယ်ကျရောက်မည်ဟု ယုတ္တိတန်စွာ ယုံကြည်သည့် အကြောင်းကြောင့် လုပ်ငန်းခွင်မှ ထွက်ခွာသွားနိုင်သော အခွင့်အရေးကို ကျင့်သုံးခြင်း မပါဝင်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ
၂။(ဆ)အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်။
(၁)သယ်ယူပို့ဆောင်ရေးလုပ်ငန်း
(၂)ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း
(၃)စာတိုက်၊ တဲလက်စ် သို့မဟုတ် ဖက်(စ်) လုပ်ငန်း
(၄)သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ လုပ်ငန်း
(၅)အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးသည့် လုပ်ငန်း
(၆)အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း
(၇)အများပြည်သူတို့အား လျှပ်စစ်ဓါတ်အား သို့မဟုတ် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း
(၈)အများပြည်သူဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း
(၉)ပြည်ထောင်စု အစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်း။
အလုပ်သမား အဖွဲ့အစည်း ဥပဒေ
၂။(င)အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်။
(၁)သယ်ယူပို့ဆောင်ရေးလုပ်ငန်း
(၂)ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း
(၃)စာတိုက်၊ တဲလက်စ် သို့မဟုတ် ဖက်(စ်) လုပ်ငန်း
(၄)သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ လုပ်ငန်း
(၅)အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးသည့် လုပ်ငန်း
(၆)အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း
(၇)အများပြည်သူတို့အား လျှပ်စစ်ဓါတ်အား သို့မဟုတ် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း
(၈)အများပြည်သူဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း
(၉)ပြည်ထောင်စု အစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်း။

ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက သပိတ်မှောက်နိုင်ခြင်း သို့မဟုတ် အလုပ်ပိတ်နိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၈။မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မှတစ်ပါး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
(က)ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူတစ်ဘက်ဘက်မှ လျှောက်ထားခြင်း။
(ခ)အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းကို သက်ဆိုင်ရာဥပဒေအရ ပြုလုပ်ခြင်း။

အငြင်းပွားမှု စစ်ဆေးနေစဥ် ဝန်ထမ်းစည်းကမ်းများကို ပြောင်းလဲ၍မရခြင်းနှင့် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ပိတ်၍ မရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၃၉။မည်သည့်အလုပ်ရှင်မျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံအဖွဲ့က အငြင်းပွားမှု စစ်ဆေးနေစဥ် ထိုအငြင်းပွားမှုမစမီ တစ်ဆက်တည်းအချိန်က ချမှတ်ထားသော အလုပ်သမားများနှင့် သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းများကို ယင်းအလုပ်သမားများ၏ အကျိုးထိခိုက်စေရန် ရုတ်တရက်ပြောင်းလဲခြင်း မပြုရ သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ပိတ်ခြင်းမပြုရ။

ခုံသမာဓိအဖွဲ့၏ အဆုံးအဖြတ်ခံယူခြင်းမပြုဘဲ အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရခြင်းနှင့် ပြစ်ဒဏ်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၄၀။မည်သူမျှ အငြင်းပွားမှုတစ်ခုနှစ် စပ်လျဥ်း၍ ဤဥပဒေနှင့်အညီ ဆွေးနွေးညှိနှိုင်းခြင်း၊ ဖျန်ဖြေခြင်းနှင့် ခုံသမာဓိအဖွဲ့ဖြင့် ဆုံးဖြတ်ခြင်းတို့ကို ခံယူခြင်းမပြုဘဲ အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရ။
၄၇။မည်သူမဆို ပုဒ်မ ၄၀၊ ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သိန်း ၂၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည်။

ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက် တစ်ခုခု အကျိုးသက်ရောက်မှုရှိစဥ်ကာလအတွင်း ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၈)
၄၁။မည်သူမျှ ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်းသဘောတူညီချက် တစ်ခုခု အကျိုးသက်ရောက်မှုရှိစဥ်ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရ။

ကြိုတင်အကြောင်းကြားရခြင်းနှင့် ခွင့်ပြုချက်ရှိမှသာ အလုပ်ပိတ်ရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၃၇။အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကို လည်းကောင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သောလုပ်ငန်းကို လည်းကောင်း အလုပ်ပိတ်ခြင်းပြုလိုသော အလုပ်ရှင်သည် စတင်အလုပ်ပိတ်မည့်နေ့ရက်နှင့် ကာလကို သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်သမားများသို့လည်းကောင်း၊ သက်ဆိုင်ရာမြုိ့နယ် အလုပ်သမားအဖွဲ့အစည်းသို့ လည်းကောင်း၊ သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လည်းကောင်း၊ အလုပ်ပိတ်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင်အကြောင်းကြားပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အလုပ်ပိတ်ခြင်း ပြုရမည်။

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ရန် ၁၄ ရက်ကြိုတင်အကြောင်းကြားရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၃၈။အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်း ပြုလုပ်လိုသော အလုပ်သမားအဖွဲ့အစည်းသည် အဖွဲ့အစည်းဝင် အလုပ်သမားအများစု၏ ဆန္ဒပြုချက်အရ -
(က)သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် သပိတ်မှောက်မည့် အချိန်ကာလကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်နှင့် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက် မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင် အကြောင်းကြားရမည်။

အများပြည်သူ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက် သတ်မှတ်ရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၃၈။အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်း ပြုလုပ်လိုသော အလုပ်သမားအဖွဲ့အစည်းသည် အဖွဲ့အစည်းဝင် အလုပ်သမားအများစု၏ ဆန္ဒပြုချက်အရ -
(ခ)အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဆိုင်ရာ အခွင့်အရေးကို မထိခိုက်စေဘဲ အများပြည်သူ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို အငြင်းပွားမှုမတိုင်မီ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများသည် သပိတ်မှောက်ခဲ့လျှင် လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နေရမည့် အလုပ်သမားအရေအတွက်နှင့် ရာထူးအမျိုးအစားအပေါ် သဘောတူညီချက် ရယူထားရမည်။ ယင်းသို့ သဘောတူညီချက်မရှိခဲ့ပါက ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် ဆုံးဖြတ်ရမည်။

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများတွင် သပိတ်မှောက်မည့်ရက် မတိုင်မီ သုံးရက် ကြိုတင်အကြောင်းကြားရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၃၉။အလုပ်သမား အဖွဲ့အစည်းဝင်အများစု၏ ဆန္ဒပြုချက်အရ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမား အဖွဲ့အစည်းသည် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့် အချိန်ကာလတို့ကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်နှင့် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက် မတိုင်မီ အနည်းဆုံး သုံးရက် ကြိုတင်အကြောင်းကြားရမည်။

အလုပ်ပိတ်ခြင်း၊ သပိတ်မှောက်ခြင်း ပြုလုပ်ရန် တင်ပြချက်အပေါ် ခွင့်ပြု၊ မပြု အချိန်မီ အကြောင်းပြန်ပေးရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၄၀။(က)သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် အလုပ်ပိတ်ခွင့်ပြုရန် အလုပ်ရှင်တစ်ဦးဦး၏ တင်ပြချက်နှင့် စပ်လျဥ်း၍ ခွင့်ပြု မပြုကို သက်ဆိုင်ရာ အလုပ်ရှင်ထံ အချိန်မီ အကြောင်းပြန်ကြားရမည်။
(ခ)သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်သည် အလုပ်သမားအဖွဲ့အစည်း တစ်ခုခုက သပိတ်မှောက်ခွင့်ပြုရန် တင်ပြချက်နှင့် စပ်လျဥ်း၍ ခွင့်ပြု မပြုကို အလုပ်သမားအဖွဲ့အစည်းထံ အချိန်မီ အကြောင်းပြန်ကြားရမည်။

ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၄၁။အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းသည် အောက်ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းပါက ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်း ဖြစ်သည်။
(က)လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက်ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူအချို့၏ အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများဖြစ်ခြင်း -
(၁)ရေပေးဝေရေးလုပ်ငန်း
(၂)လျှပ်စစ်ဓါတ်အားလုပ်ငန်း
(၃)မီးသတ်လုပ်ငန်း
(၄)ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း
(၅)တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း
ရှင်းလင်းချက်။ ။ အချိန်ကာလတစ်ရပ်ကို ကျော်လွန်၍ သပိတ်မှောက်ခြင်းကြောင့် အငြင်းပွားမှုတွင် ပါဝင်သူများ၏ အလုပ်ခွင်အကျိုးစီးပွားကို ပြန်လည်အစားထိုး၍ မရနိုင်အောင် ထိခိုက်လျှင်ဖြစ်စေ၊ အလွန်အမင်း ထိခိုက်စေလျှင်ဖြစ်စေ၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှု မဟုတ်သည့် လုပ်ငန်းတစ်ခုသည် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုတစ်ခုအဖြစ် ပြောင်းလဲလာနိုင်သည်။
(ခ)အလုပ်သမား အဖွဲ့အစည်းများသည် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်မရှိဘဲ သပိတ်မှောက်ခြင်း၊
(ဂ)အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းနှင့် စပ်လျဥ်း၍ ဤဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်း၊
(ဃ)လုပ်ခ၊ လစာ၊ သက်သာချောင်ချိရေး၊ အလုပ်ချိန်နာရီ သို့မဟုတ် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အခြားကိစ္စများကဲ့သို့သော အလုပ်သမားရေးရာ ကိစ္စများနှင့် သက်ဆိုင်မှုမရှိခြင်း။
(င)သပိတ်မှောက်ခြင်းသည် ကြုိတင်ခွင့်ပြုချက်ယူထားသည့် နေ့ရက်၊ နေရာ၊ အချိန်ကာလ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းတို့နှင့် ကိုက်ညီမှုမရှိခြင်း။

ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်းကို တည်ဆဲဥပဒေနှင့်အညီ တားဆီးနိုင်ခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၁)
၄၂။ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်းဖြစ်ပါက တည်ဆဲဥပဒေနှင့်အညီ တားဆီးနိုင်သည်။

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ အလုပ်မပိတ်ရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၄၃။မည်သည့်အလုပ်ရှင်မျှ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွင်လည်းကောင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းတွင်လည်းကောင်း အလုပ်ပိတ်ခြင်း မပြုရ။

အလုပ်ပိတ်ခြင်းနှင့် အလုပ်ထုတ်ခြင်းများ မပြုရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၄၄။မည်သည့်အလုပ်ရှင်မျှ -
(က)အငြင်းပွားမှု တစ်ရပ်ရပ်အတွက် ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဥ်အတွင်း ယင်းအငြင်းပွားမှုကို အကြောင်းပြု၍ အလုပ်ပိတ်ခြင်း မပြုရ။
(ခ)ပုဒ်မ ၄၁၊ ပုဒ်မခွဲ (က) နှင့် (ဂ) တို့ပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း မပြုရ။
(ဂ)ပုဒ်မ ၄၁၊ ပုဒ်မခွဲ (က) နှင့် (ဂ) တို့ပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို ငြင်းဆန်သည့် အလုပ်သမားအား အလုပ်မှထုတ်ပစ်ခြင်း မပြုရ။
(ဃ)ဤဥပဒေနှင့်အညီ အလုပ်သမား အဖွဲ့အစည်း တစ်ရပ်၏ လှုပ်ရှားမှုများကို ဆောင်ရွက်ရန် အလုပ်သမား အဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း သို့မဟုတ် သပိတ်မှောက်ရာတွင် ပါဝင်ဆောင်ရွက်ခြင်းကြောင့် အလုပ်သမားတစ်ဦးအား အလုပ်မှထုတ်ပစ်ခြင်း မပြုရ။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သပိတ်မှောက်ခြင်း မပြုရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၄၅။မည်သည့်အလုပ်သမားမျှ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်း ပြုမည့်အကြောင်း ပုဒ်မ ၃၈ ပါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်သို့ လည်းကောင်း၊ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လည်းကောင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သပိတ်မှောက်ခြင်းမပြုရ။
၄၆။မည်သည့်အလုပ်သမားမျှ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများတွင် သပိတ်မှောက်ခြင်း ပြုမည့်အကြောင်း ပုဒ်မ ၃၉ ပါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်သို့ လည်းကောင်း၊ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လည်းကောင်း ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သပိတ်မှောက်ခြင်းမပြုရ။

ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဥ်အတွင်း သပိတ်မှောက်ခြင်း မပြုရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၄၇။မည်သည့်အလုပ်သမားမျှ -
(က)အငြင်းပွားမှု တစ်ရပ်ရပ်အတွက် ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဥ်အတွင်း ယင်းအငြင်းပွားမှုကို အကြောင်းပြု၍ သပိတ်မှောက်ခြင်း မပြုရ။
(ခ)ပုဒ်မ ၄၀ ပါ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် အကျုံးဝင်သော ဥပဒေနှင့် ဆန့်ကျင်၍ သပိတ်မှောက်ခြင်း မပြုရ။

ကိုက် ၅၀၀ အတွင်း ဆန္ဒပြ၍ မရခြင်း

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၅၀။(ခ)အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင်ယာဥ် ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆောက်အအုံ တစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်း မပြုရ။

ခွင့်ပြုချက်မရှိဘဲ အလုပ်ပိတ်ခြင်း၊ ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဥ်အတွင်း အလုပ်ပိတ်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်းနှင့် တားမြစ်ထားသော အလုပ်ထုတ်ခြင်းတို့အတွက် ပြစ်ဒဏ်

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၅၁။မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၄၃၊ ပုဒ်မ ၄၄ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ သပိတ်မှောက်ခြင်း ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဥ်အတွင်း သပိတ်မှောက်ခြင်း ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်းနှင့် တားမြစ်ထားသော အလုပ်ထုတ်ခြင်းတို့အတွက် ပြစ်ဒဏ်

အလုပ်သမား အဖွဲ့အစည်း ဥပဒေ၊ အခန်း (၁၂)
၅၂။မည်သည့် အလုပ်သမားမဆို ပုဒ်မ ၄၅၊ ၄၆ နှင့် ၄၇ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။

တားမြစ်နေရာများ၏ ကိုက် ၅၀၀ အတွင်း ဆန္ဒပြခြင်းအတွက် ပြစ်ဒဏ်

၅၅။ပုဒ်မ ၅၀၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်အား ကျူးလွန်ရာ၌ လူပုဂ္ဂိုလ်ကို အကြမ်းဖက်ခြင်း၊ ပစ္စည်းအား ထိခိုက်ပျက်စီးစေခြင်း သို့မဟုတ် အခြားသော အခွင့်အရေးများကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ကိစ္စများတွင် သက်ဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည်။

သပိတ်မှောက်သည့် အလုပ်သမားအား လစာစရိတ်ပေးရန် တာဝန်မရှိခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၁၀)
၅၄။သပိတ်မှောက်ခြင်းသည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အား ခေတ္တရပ်ဆိုင်းစေခြင်းဖြစ်၍ ထိုကာလအတွင်း အလုပ်ရှင်က သပိတ်မှောက်သည့် အလုပ်သမားအား လစာစရိတ်ပေးရန် တာဝန်မရှိစေရ။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၁)
၂။...
......
(စ)မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက် ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူ၏ အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါ ဝန်ဆောင်မှုလုပ်ငန်းကို ဆိုသည်။
(၁)ရေပေးဝေရေးလုပ်ငန်း
(၂)လျှပ်စစ်ဓါတ်အားပေးလုပ်ငန်း
(၃)မီးသတ်လုပ်ငန်း
(၄)ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း
(၅)တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း
(၆)ဝန်ကြီးဌာနက မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့် လုပ်ငန်းများ။
(ဆ)အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆိုသည်။
(၁)သယ်ယူပို့ဆောင်ရေးလုပ်ငန်း
(၂)ဆိပ်ကမ်းလုပ်ငန်းနှင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်ငန်း
(၃)စာတိုက်၊ တဲလက်စ် သို့မဟုတ် ဖက်(စ်) လုပ်ငန်း
(၄)သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ လုပ်ငန်း
(၅)အများပြည်သူတို့အတွက် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးသည့် လုပ်ငန်း
(၆)အညစ်အကြေးသိမ်းဆည်းရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးလုပ်ငန်း
(၇)အများပြည်သူတို့အား လျှပ်စစ်ဓါတ်အား သို့မဟုတ် လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း
(၈)အများပြည်သူဆိုင်ရာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း
(၉)ပြည်ထောင်စု အစိုးရက အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်း။
(ဍ)အငြင်းပွားမှု ဆိုသည်မှာ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမား သို့မဟုတ် အလုပ်သမားများ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းများ၏ အလုပ်ခန့်ထားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ အလုပ်ရပ်စဲခြင်းတို့နှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ လုပ်သက်ဆု၊ လုပ်အားဆုနှင့် စရိတ်အပါအဝင် အလုပ်လုပ်ကိုင်မှု သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်နှင့် သက်ဆိုင်သည့် ထိခိုက်နစ်နာမှုများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ သို့မဟုတ် လုပ်ငန်းခွင်ကြောင့် ဖြစ်ပေါ်သော ရောဂါများအတွက် လျော်ကြေးနှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်သမားများ၏ နားရက်၊ ခွင့်ကိစ္စ အပါအဝင် အလုပ်သမားရေးရာ အခြားကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဥ်း၍ သော်လည်းကောင်း၊ အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များနှင့်သော်လည်းကောင်း အလုပ်ရှင်တစ်ဦး သို့မဟုတ် အလုပ်ရှင်များ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားတစ်ဦး သို့မဟုတ် အလုပ်သမားများ သို့မဟုတ် ယင်းတို့အား ကိုယ်စားပြုသည့် အလုပ်သမားအဖွဲ့အစည်းတို့အကြား ဖြစ်ပွားသော အငြင်းပွားမှု သို့မဟုတ် သဘောထားကွဲလွဲမှုကို ဆိုသည်။
(ဎ)အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ အလုပ်သမားများ၏ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှကို ဆိုသည်။
(ဏ)အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှု ဆိုသည်မှာ စုပေါင်းသဘောတူညီချက်နှင့် စပ်လျဥ်းသော အငြင်းပွားမှု၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များနှင့် အကျုံးဝင်မှုမရှိသော်လည်း အလုပ်သမားအများစု၏ ရသင့်ရထိုက်သော အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အငြင်းပွားမှုနှင့် လုပ်ငန်းခွင် ဆက်ဆံရေးနှင့် စပ်လျဥ်းသော အငြင်းပွားမှုကို ဆိုသည်။

တောင်းဆိုတိုင်ကြားချက်ကို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ က ဦးစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၂)
၆။(က)အလုပ်သမား သို့မဟုတ် အလုပ်သမားအဖွဲ့အစည်း ဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ၎င်းတို့၏ နစ်နာချက်ကို ညှိနှိုင်းရေးကော်မတီသို့ ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်ဖြင့် တောင်းဆိုတိုင်ကြားလာပါက ညှိနှိုင်းရေးကော်မတီသည် တောင်ဆိုချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းရမည်။
(ခ)ညှိနှိုင်းရေးကော်မတီသည် ဆောက်ရွက်မှု အခြေအနေကို ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ သို့ သတ်မှတ်ချက်နှင့်အညီ အစီရင်ခံစာပေးပို့ရမည်။
၇။အလုပ်သမား ၃၀ ဦးမပြည့်သဖြင့် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်းမရှိသည့် လုပ်ငန်းတွင် နစ်နာချက်ကို အလုပ်ရှင်ထံတောင်းဆိုပါက အလုပ်ရှင်သည် အလုပ်သမားများ သို့မဟုတ် ယင်းတို့၏ ကိုယ်စားလှယ်များနှင့် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး ဖြေရှင်းမှုမှတ်တမ်း ရေးသားထားရှိ၍ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က တောင်းခံသည့်အခါ ယင်းမှတ်တမ်းကို ပေးပို့ရမည်။
၈။လုပ်ငန်းတစ်ခုတည်းတွင် အလုပ်သမားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များ ပူးတွဲရှိနေခဲ့လျှင် သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းနှင့် ယင်းတို့၏ အနေအထားလျော့ပါးစေရန် အလုပ်ရှင်သည် သက်ဆိုင်ရာအလုပ်သမားများက ရွေးချယ်ပေးသော ကိုယ်စားလှယ်များကို အသုံးပြု၍ ဆောင်ရွက်ခြင်းမပြုရ။
၉။ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ တို့အရ ဆွေးနွေးညှိနှိုင်းရာတွင် -
(က)ပြေငြိမ်းမှုရရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများသည် စုပေါင်းသဘောတူညီချက်ကို ချုပ်ဆိုပြီး သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ မိတ္တူပေးပို့ရမည်။
(ခ)ပြေငြိမ်းမှုမရရှိပါက အငြင်းပွားမှုနှင့် စပ်လျဥ်း၍ ဖျန်ဖြေရေးကို ဆက်လက်ခံယူလိုပါက အလုပ်ရှင် သို့မဟုတ် အလုပ်သမားသည် သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်သည်။

အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုကို တိုင်ကြားနိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၃။အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဘက်ဘက်သည် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် စပ်လျဥ်း၍ မကျေနပ်သူကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့် ဖြစ်စေ သက်ဆိုင်ရာ ဦးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ လျှောက်ထားနိုင်သည်။

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို တိုင်းကြားနိုင်ခြင်းနှင့် ခုနှစ်ရက်အတွင်း ဖျန်ဖြေပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၄။အငြင်းပွားမှုနှင့် စပ်လျဥ်း၍ အလုပ်ရှင် သို့မဟုတ် အလုပ်သမား တစ်ဘက်ဘက်၏ တိုင်ကြားချက်အရ ဖြစ်စေ၊ ဝန်ကြီဌာန၏ အကြောင်းကြားချက်အရဖြစ်စေ၊ ဝန်ကြီဌာန၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကော်စီ၏ အကြောင်းကြားချက်အရ ဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုအရ ဖြစ်စေ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ညှိနှုိင်းဖျန်ဖြေရေးအဖွဲ့သည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်။
(က)အငြင်းပွားမှုနှင့် စပ်လျဥ်း၍ သိရှိသည့် သို့မဟုတ် လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးရမည်။
(ခ)ပုဒ်မခွဲ (က) အရ ဖျန်ဖြေရာတွင် ပြေငြိမ်းမှုရရှိပါက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုစေခြင်း
(ဂ)ညှိနှုိင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုသည့် နှစ်ဘက်သဘောတူစာချုပ် ဖောက်ဖျက်လျှင် ဦးစီးဌာနမှ တာဝန်ပေးအပ်သည့် အရာရှိက ဖောက်ဖျက်သည့်ဘက်ကို တရားစွဲရမည်။

အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၅။ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် ပြေငြိမ်းမှုမရရှိသော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ပြီး ထိုသို့ လွှဲပြောင်းပေးပို့ကြောင်းကို အငြင်းပွားမှုနှင့် သက်ဆိုင်သူများထံ အသိပေးအကြောင်းကြားရမည်။
၂၆။ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် ဖျန်ဖြေရေးဆောင်ရွက်ရာတွင် ပြေငြိမ်းမှုမရသည့် အချက်များအပေါ် သုံးသပ်အကြံပြုချက်ပါဝင်သော အသေးစိတ်အစီရင်ခံစာနှင့်အတူ အမှုတွဲအား တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရမည်။

ခုံသမာဓိအဖွဲ့သည် လက်ခံရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုကို ခုနှစ်ရက်အတွင်း ဖြေရှင်းပေးရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၇။သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သည် ပုဒ်မ ၂၆ အရ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က လွှဲအပ်သော အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအား လက်ခံရရှိသည့်နေ့ရက်မှ ခုနှစ်ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ပြီး တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ဆုံးဖြတ်ချက်ပေးပို့ရမည်။ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ဖြစ်ပါက ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ မိတ္တူပေးပို့ရမည်။

ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ခုံသမာဓိကောင်စီသို့ တက်ရောက်နိုင်ခြင်း သို့မဟုတ် သပိတ်မှောက်နိုင်ခြင်း၊ အလုပ်ပိတ်နိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၈။မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်မှတပါး ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အငြင်းပွားသူများသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။
(က)ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် အငြင်းပွားသူ တစ်ဘက်ဘက်မှ လျှောက်ထားခြင်း။
(ခ)အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းကို သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်နိုင်ခြင်း။

မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါက ခုံသမာဓိကောင်စီသို့ နှစ်ရက်အတွင်း လျှောက်ထားရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၂၉။မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် စပ်လျဥ်း၍ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျနပ်သည့် သက်ဆိုင်ရာ အငြင်းပွားသူ တစ်ဦးဦးသည် ယင်းဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် နေ့ရက်မှ တရားဝင် ရုံးပိတ်ရက်များမပါ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီသို့ လျှောက်ထားရမည်။

လျှောက်ထားချက်အပေါ် ခုံသမာဓိကောင်စီက ၁၄ ရက် သို့မဟုတ် ၇ ရက်အတွင်း ဆုံးဖြတ်ချက်ချခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၃၀။ခုံသမာဓိကောင်စီသည် ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၉ တို့အရ လျှောက်ထားချက်နှင့် စပ်လျဥ်း၍ စစ်ဆေးဆုံးဖြတ်ရန် ခုံအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးရမည်။
၃၁။ခုံအဖွဲ့သည် -
(က)ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် အငြင်းပွားမှုကို လက်ခံရရှိသည့် နေ့ရက်မှ ၁၄ ရက်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
(ခ)ဆုံးဖြတ်ချက်ကို တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ပေးပို့ရမည်။
၃၂။ခုံအဖွဲ့သည် -
(က)ပုဒ်မ ၂၉ အရ လျှောက်ထားသည့် အငြင်းပွားမှုကို လက်ခံရရှိသည့် နေ့ရက်မှ ခုနှစ်ရက်တွင်း ဆုံးဖြတ်ချက် ချမှတ်ရမည်။
(ခ)ဆုံးဖြတ်ချက်ကို တရားဝင်ရုံးပိတ်ရက်များမပါ နှစ်ရက်အတွင်း သက်ဆိုင်ရာ အငြင်းပွားသူများထံ ပေးပို့ရမည်။

ဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများသို့ ပေးပို့ရခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၆)
၃၃။ခုံသမာဓိကောင်စီသည် ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က) အရ ခုံအဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက်မိတ္တူကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကော်စီ အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များထံ ပေးပို့ရမည်။

ခုံသမာဓိကောင်စီသို့ တင်ပြလျှောက်ထားခြင်းမရှိလျှင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက် အတည်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၄။ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဘက်အငြင်းပွားသူများက သဘောတူလျှင် သို့မဟုတ် အငြင်းပွားသူ တစ်ဘက်ဘက်က သတ်မှတ်ကာလအတွင်း ခုံသမာဓိကောင်စီသို့ တင်ပြလျှောက်ထားခြင်းမရှိလျှင် ယင်း ဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်သည်။

ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ဖြစ်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၅။ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်အဖြစ် မှတ်ယူရမည်။ ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့်နေ့မှစ၍ အတည်ဖြစ်သည်။

ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၉၀ ကျော်ပါက ပြင်ဆင်နိုင်ခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၆။သက်ဆိုင်ရာ အငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက် အတည်ဖြစ်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ ကျော်လွန်ပါက ယင်း ပြင်ဆင်ပြောင်းလဲရန် သဘောတူညီနိုင်သည်။ ယင်းသဘောတူညီချက်အရ ပြင်ဆင်ပြောင်းလဲချက်သည် ခုံသမာဓိ ဆုံးဖြတ်ချက်၏ သက်ဆိုင်ရာ အပိုင်းကို လွှမ်းမိုးစေရမည်။

ဆုံးဖြတ်ချက်ကို လိုက်နာရမည့် ပုဂ္ဂိုလ်များ

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ အခန်း (၇)
၃၇။အတည်ဖြစ်ပြီးသည့် ဆုံးဖြတ်ချက်ကို အောက်ပါ ပုဂ္ဂိုလ်များက လိုက်နာရမည်။
(က)အငြင်းပွားမှုနှင့် သက်ဆိုင်သူ အားလုံး၊
(ခ)အငြင်းပွားမှုတွင် ပါဝင်သော အလုပ်ရှင်၏ ဥပဒေအရ တရားဝင်ဆက်ခံသူများ၊
(ဂ)အငြင်းပွားမှု ဖြစ်ပွားသောအချိန်တွင် သို့မဟုတ် အငြင်းပွားမှု ဖြစ်ပွားပြီးနောက် လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ အားလုံး။

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။