Cloudflare Acquires Astro
expand_circle_rightပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နှစ်စမှာ Website ရေးတာကို သေချာလေ့လာမယ်ဆိုပြီး ဟိုရှာဒီရှာလုပ်ရင်း Hugo ကိုတွေ့ခဲ့တယ်။ Hugo ဟာ အရမ်းမြန်ပြီး Static Stie Generation (SSG) အတွက် ဘာမှပြောစရာမရှိအောင် ကောင်းလွန်းပါတယ်။ အခုဒီကျနော့်ရဲ့ Personal Website ဖြစ်တဲ့ https://minsoehan.com ကိုလည်း Hugo နဲ့ ရေးထားပါတယ်။ သို့သော် Server Site Rendering (SSR) ကိုပါလိုချင်ရင်တော့ တခြား တစ်ခုကို ရှာရပါတယ်။ အဲ့သည့်မှာ Astro တွေ့တာပါပဲ။ တခြားဟာတွေ သုံးဖူး သိဖူးလို့ ရွေးခဲ့တာမျိုးမဟုတ်ပါဘူး။ Astro ရဲ့ website မှာ “The web framework for content-driven websites” ဆိုပြီး ရေးထားလို့ ရွေးခဲ့တာဖြစ်ပါတယ်။ SSR လည်းရမယ်၊ content-driven ဖြစ်လို့ static post တွေလည်း အများကြီး တင်လို့ရမယ်ဆိုတဲ့ အတွေးနဲ့ ရွေးခဲ့တာပါ။ အရွေးမှန်ခဲ့ပါတယ်။
Website တစ်ခုကို တင်ဖို့ အရင်ကလို Hosting ဝယ်ပြီး Wordpress လုပ်ဖို့ဆိုတာက ခေတ်မမီတော့ဘူး ထင်တာပဲ။ ဒါကြောင့် ကိုယ်ဖန်တီးထားတဲ့ website ကိုတင်ဖို့ Codeberg Pages နဲ့ GitHub Pages တို့ကို စမ်းခဲ့တယ်။ ကောင်းကြပါတယ်။ အဲ့သည့်နောက် Google ရဲ့ Firebase ကိုလည်း စမ်းခဲ့ဖူးတယ်။ နောက်ဆုံးမှာတော့ Cloudflare ကိုပဲ သုံးဖြစ်ခဲ့တယ်။ အခုချိန်မှာတော့ Cloudflare ရဲ့ Cloudflare Pages နဲ့ Workers တွေအပြင် R2 နဲ့ Zero Trust တို့ဟာ မရှိမဖြစ် သုံးနေရတဲ့ ဝန်ဆောင်မှုတွေ ဖြစ်နေပါပြီ။ MGMAemp ကို Astro + Cloudflare နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး R2 နဲ့ Zero Trust ကိုလည်း သုံးထားရပါတယ်။ ဒီနေရာမှာ Astro + Cloudflare အတွဲကို ရွေးချယ်လိုက်မိတဲ့ အဖြစ်ကို အံ့ဩမိတာပါ။
Cloudflare က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ Astro ကို ဝယ်လိုက်ပါတယ်။ Cloudflare က Cloudflare Acquires Astro to Accelerate the Future of High-Performance Web Development စာမျက်နှာမှာ ဖော်ပြထားပြီး Astro ကတော့ ၎င်းတို့ရဲ့ Blog စာမျက်နှာ The Astro Technology Company joins Cloudflare မှာ ဖော်ပြထားပါတယ်။ MGMAemp အတွက် Astro နဲ့ Cloudflare ကိုရွေးခဲ့တာ မှန်သွားခဲ့ပါပြီ။ ပိုကောင်းတဲ့ Cloudflare integration အတွက် workerd ပါဝင်လာမှာဖြစ်တဲ့ Astro 6 ထွက်လာမယ့်ရက်ကိုလည်း စောင့်ဆိုင်းနေပါတယ်။ Astro က Astro 6 Beta ကို Blog စာမျက်နှာ https://astro.build/blog/astro-6-beta/ မှာ ထုတ်ပြန်ထားပြီဖြစ်ပါတယ်။
![]()