Online Visa Application Photo
expand_circle_right2025-06-18 Wed မနက် ၈ နာရီ သံရုံးရှေ့ရောက်၊ တန်းစီသူများ၊ တုံကင် ၃၆ ရ၊ နေ့လည် ၁၁ နာရီအထိစောင့်၊ တုံကင် ၂၀ ကျော်အထိပဲခေါ်၊ အထဲမဝင်လိုက်ရ၊ ပြန်လာ။ မတ်လက လှုပ်ခဲ့တဲ့ မြေငလျင်နောက်ပိုင်း မန္တလေးသံရုံး ဗီဇာလျှောက် ပိတ်လိုက်လို့ ရန်ကုန်မှာ လူများနေတာလို့ သိရ။
2025-06-19 Thu မနက် ၇ နာရီ သံရုံးရှေ့ရောက်၊ တုံကင် ၁၂ ရ။ ၉ နာရီလောက် အထဲဝင်ခွင့်ရ။ သို့သော် Photo Passed မဖြစ်လို့ဆိုပြီး Visa တင်လက်မခံ။ ပြန်ခဲ့ရ။ https://cova.mfa.gov.cn/qzCoCommonController.do?show&pageId=001&locale=en_US မှာ Application Form ကိုဖြည့်စဥ်က ဓါတ်ပုံတင်ရ။ အဲ့သည့်ဓါတ်ပုံ Passed မဖြစ်ပေမယ့် ဖောင်ကို ဆက်ဖြည့်လို့ရလို့ ဆက်ဖြည့်ပြီး ရလာတဲ့ဖိုင်ကို ပရင့်ထုတ်သွားခဲ့ခြင်းဖြစ်။ ဓါတ်ပုံ Passed မဖြစ်ကြောင်းပြောတဲ့စာသားနှင့် ဖောင်ဆက်ဖြည့်ခိုင်းတဲ့စနစ်တွေက နားလည်မှု လွဲစေခဲ့။ “ဖောင်ကိုဆက်ဖြည့်ပြီးယူသွား၊ သံရုံးရောက်မှ အဆင်ပြေမယ့်ဓါတ်ပုံကိုပေးလိုက်” ဆိုတဲ့သဘောဖြစ်နေ။ အဲ့သည့် အွန်လိုင်းဖောင်လင့်ခ် က VPN ခံမှဝင်လို့ရတယ်။

2025-06-21 Sat နေ့တွင် Agent အပ်။ Agent: Chaw Su San, No. 14, Aye Thar Yar Street, Yankin Tsp., Yangon.
2025-06-24 Tue သံရုံးတစ်ခေါက်ထပ်သွား။ တုံကင် ၁၂ ရ၊ ဝင်ခွင့်ရ။ သိပ်မစောင့်လိုက်ရ။ အလွယ်တကူအဆင်ပြေ။
အခြားသံရုံးများနှင့်မတူ၊ အလည်နှင့် လက်ထပ်ဆိုပြီး နှစ်မျိုးခွဲ တုံကင်တန်းစီခိုင်း။ လက်ထပ်ဆိုတာ လက်ထပ်မယ့်သူတွေ ဗီဇာလျှောက်ကြတာ။ သံရုံးက သူတို့ကို ပိုစစ်တယ်လို့ ပြောသံကြားရ။
သင်ခန်းစာ - ဗီဇာ လျှောက်ဖို့ အွန်လိုင်းဖောင်ဖြည့်ရင် ဓါတ်ပုံကို မူရင်း Soft Copy ကိုပဲတင်။ အဲ့ဒါမှ Pass ဖြစ်မယ်။ ဓါတ်ပုံရိုက်ရင် Soft Copy ရအောင်တောင်း။ ဓါတ်ပုံအတွက် သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေလည်း မှန်ပါစေ။ နောက်ခံအဖြူ၊ နားရွက်ပေါ်ရမယ်၊ ဘာညာ။ သံရုံးမှာလူများလား မများလား အရင်စုံစမ်း။
နေရာ - Google Maps မှာရှာ။ NO.1, Pyidaungsu Yeiktha Road, Yangon လို့ပြတယ်။ ရန်ကုန် ကလေးဆေးရုံကြီးရှေ့၊ ပြည်ထောင်စုရိပ်သာလမ်း။
လိုင်းကား - မြေနီကုန်းဘက်ကလာရင် အလုံလမ်းမှတ်တိုင်ဆင်း၊ မနော်ဟရီလမ်းထိပ်ကနေ ဆိုက်ကားစီးသွား။ အဲ့ဒါအလွယ်ဆုံးပဲ။