Open Diary

This is my personal, public diary where I share thoughts, experiences, and notes for later reference—and for others who may find them useful. While the content is openly accessible, it reflects my own views and journey, and should be used with individual discretion. I make no guarantees about accuracy or outcomes, and I am not responsible for any negative consequences resulting from the use of this diary’s content.

No Framework Preset in Cloudflare Pages Project Settings

2025-08-06 Wednesday: Cloudflare Pages → project settings → Build configuration မှာ Framework preset ကို Hugo ထားပြီး Build command နေရာမှာ hugo နဲ့ Build output directory မှာ public ထားလို့ရတယ်။ အဲ့ဒါက Hugo ကိုရွေးရင် default ပဲ။ ဒါပေမယ့် Pagefind ကို သုံးတဲ့အခါ Build command ကို hugo && npx pagefind --site "public" ထားလို့ရတာမှန်ပေမယ့် စိတ်တိုင်းမကျ။ Cloudflare က တစ်ခါ build လုပ်တိုင်း hugo ကို run ပြီး pagefind ကို install လုပ်နေတယ်။ ပြီးတော့မှ pagefind ကို ထပ် run ရအုံးမယ်။ ကြာတယ်။ local မှာ လုပ်လို့ရနေမှတော့ ဘာလို့ခက်ခဲနေတော့မလဲ။ Framework preset မှာ None ကိုရွေးပြီး Build command နဲ့ Build output directory နှစ်ခုကို blank တွေထားလိုက်။

Checked-through Baggage

2025-07-14 Monday လက်မှတ်ထုတ်၊ အထုတ်အပ်တော့ အထုတ်က ရန်ကုန်ထိ မရောက်။ transit မှာ အထုတ်ပြန်ထုတ်၊ လက်မှတ်အသစ်ထပ်ထုတ်ပြီး အထုတ်ပြန်အပ်ရမယ်။

Airline အတူတူ၊ single ticket ဖြစ်နေတာတောင် ဘာကြောင့်လဲ?

minsoehan website image

နောက်နေ့ကူးသွားလို့။ တခြားတွေတော့ ဘယ်လိုလဲမသိ။ ၁၀ နှစ်နေလို့မှ တစ်ခါ ပြည်ပခရီးသွားလေ့မရှိတဲ့သူအတွက်တော့ ခေါင်းရှုပ်စရာ။

သင်ခန်းစာ - လက်မှတ်မှာ transit နေရာ နေ့ကူးနေရင် သေချာမေးစမ်းပြီးမှလုပ်။

လုပ်ဆောင်ချက်မှတ်တမ်း - arrival လမ်းကြောင်းအတိုင်းလိုက်၊ baggage belt (baggage carousal) ကိုရှာ၊ အထုတ်ကောက်၊ arrival ကထွက်ပြီး departure ကနေပြန်ဝင်။ အစအဆုံးပြန်လုပ်။ လက်မှတ်ထုတ်၊ အထုတ်အပ်၊ check-in ဝင်၊ boarding gate ရှာ။

မှတ်ချက် - လမ်းညွှန်အမှတ်အသားတွေ၊ LED Board တွေ၊ Monitor Screen တွေကို ကြည့်။ သတင်းအချက်အလက်တွေ ရှိတယ်။

Online Visa Application Photo

2025-06-18 Wed မနက် ၈ နာရီ သံရုံးရှေ့ရောက်၊ တန်းစီသူများ၊ တုံကင် ၃၆ ရ၊ နေ့လည် ၁၁ နာရီအထိစောင့်၊ တုံကင် ၂၀ ကျော်အထိပဲခေါ်၊ အထဲမဝင်လိုက်ရ၊ ပြန်လာ။ မတ်လက လှုပ်ခဲ့တဲ့ မြေငလျင်နောက်ပိုင်း မန္တလေးသံရုံး ဗီဇာလျှောက် ပိတ်လိုက်လို့ ရန်ကုန်မှာ လူများနေတာလို့ သိရ။

2025-06-19 Thu မနက် ၇ နာရီ သံရုံးရှေ့ရောက်၊ တုံကင် ၁၂ ရ။ ၉ နာရီလောက် အထဲဝင်ခွင့်ရ။ သို့သော် Photo Passed မဖြစ်လို့ဆိုပြီး Visa တင်လက်မခံ။ ပြန်ခဲ့ရ။ https://cova.mfa.gov.cn/qzCoCommonController.do?show&pageId=001&locale=en_US မှာ Application Form ကိုဖြည့်စဥ်က ဓါတ်ပုံတင်ရ။ အဲ့သည့်ဓါတ်ပုံ Passed မဖြစ်ပေမယ့် ဖောင်ကို ဆက်ဖြည့်လို့ရလို့ ဆက်ဖြည့်ပြီး ရလာတဲ့ဖိုင်ကို ပရင့်ထုတ်သွားခဲ့ခြင်းဖြစ်။ ဓါတ်ပုံ Passed မဖြစ်ကြောင်းပြောတဲ့စာသားနှင့် ဖောင်ဆက်ဖြည့်ခိုင်းတဲ့စနစ်တွေက နားလည်မှု လွဲစေခဲ့။ “ဖောင်ကိုဆက်ဖြည့်ပြီးယူသွား၊ သံရုံးရောက်မှ အဆင်ပြေမယ့်ဓါတ်ပုံကိုပေးလိုက်” ဆိုတဲ့သဘောဖြစ်နေ။ အဲ့သည့် အွန်လိုင်းဖောင်လင့်ခ် က VPN ခံမှဝင်လို့ရတယ်။