အများပြည်သူ အလုပ်ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ
မြန်မာနိုင်ငံ အလုပ်သမား ဥပဒေအရ ရက်သတ္တပတ်ပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်သမားများအား လုပ်ခလစာဖြင့် အနားပေးရသည်။ အများပြည်သူ အလုပ်ပိတ်ရက်ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေငြာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုလိုခြင်း ဖြစ်သည်။ ထိုသို့ထုတ်ပြန်ကြေငြာသော အများပြည်သူအလုပ်ပိတ်ရက် တချို့သည် တစ်ခါတစ်ရံ ရက်သတ္တပတ်ပိတ်ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကျရောက်နေတတ်သည်။ ယင်းသို့ ကျရောက်သည့်အခါ “ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ၊ ပုဒ်မ ၂၅” အရ အစားထိုးပိတ်ရက် သတ်မှတ်ပေးသည်များ ရှိခဲ့သည်။ ရက်သတ္တပတ် အလုပ်ပိတ်ရက်အပေါ် တိုက်ဆိုင်ကျရောက်နေသော အများပြည်သူအလုပ်ပိတ်ရက်ကို အခြားအလုပ်လုပ်ရက်တစ်ရက်အပေါ်သို့ ပြောင်းလဲ သတ်မှတ်ပေးခြင်း ဖြစ်သည်။
သို့သော် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရမူ ထိုသို့တိုက်ဆိုင် ကျရောက်လျှင် အခြားနေ့တစ်နေ့သို့ လွှဲပြောင်းခွင့်ပြုရန် မလိုပါ။
https://minsoehan.com/legal/labor-laws/public-holiday/#coincidence-and-ot
မည်သို့ပင်ဖြစ်စေ “ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ” ကို လေ့လာစရာ ဖြစ်ပါသည်။ ဤဥပဒေသည် ၁၈၈၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ ရက်စွဲတတ်ထားသော အိန္ဒိယအက်ဥပဒေတစ်ခုဖြစ်သည့် The Negotiable Instrument Act ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။