ရင်းနှီးမြှုပ်နှံသူ၏ အာမခံထားရန်တာဝန်
expand_circle_rightမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အခန်း (၁၇)
၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြသတ်မှတ်ထားသော အာမခံအမျိုးအစားများကို အာမခံထားရှိရမည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ၊ အခန်း (၂၂)
၂၁၂။ ခွင့်ပြုမိန့် သို့မဟုတ် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် လုပ်ငန်းသဘာဝအပေါ်မူတည်၍ အောက်ပါ အာမခံအမျိုးအစားများအနက် သက်ဆိုင်သည့် အာမခံအမျိုးအစားကို နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် အာမခံထားရှိရမည်။
(က) | ပစ္စည်းနှင့် စီးပွားရေးလုပ်ငန်း ရပ်ဆိုင်းမှုအာမခံ |
(ခ) | အင်ဂျင်နီယာလုပ်ငန်းအာမခံ |
(ဂ) | အသက်မွေးဝမ်းကျောင်းဆိုင်ရာ တာဝန်ရှိမှုအာမခံ |
(ဃ) | ကိုယ်အင်္ဂါထိခိုင်မှုအာမခံ |
(င) | ရေကြောင်းအာမခံ |
(စ) | အလုပ်သမားလျော်ကြေးအာမခံ |
(ဆ) | အသက်အာမခံ |
(ဈ) | မီးအာမခံ |
၂၁၃။ ဤနည်းဥပဒေသည် အခြားသက်ဆိုင်ရာ ဥပဒေအရ လိုအပ်သော အာမခံမူဝါဒကြောင့် အခြားအာမခံများထားရှိရမည့် ရင်းနှီးမြှုပ်နှံသူ၏ တာဝန်အပေါ် ကန့်သတ်ခြင်းမရှိစေရ။
အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။